နည်းလမ်း -၁
1. ကွန်ပျူတာရဲ့ Desktop ပေါ်မှာ ဦးစွာ Right click ထောက်လိုက်ပါ။ ကျလာသော box မှ New Folder ကို click လိုက်ပါ။

2. Desktop ပေါ်မှာ အောက်ပါအတိုင်းတွေ့ရမှာပါ။

3. ထိုနောက် Keyboard မှ Alt+255 ဒါမှမဟုတ် Alt+0160 ကို click လိုက်ပါ။ အောက်ပါအတိုင်း rename (F2)နေရာမှာ အပြာ အတုံအသေးလေး ဖြစ်သွားပါလိမ်မည်။

4. အထက်ပါအဆင့်ပြီရင် အဲဒီ Icon မှာဘဲ Right click ပေးလိုက်ပါ။ properties ကို ထက် click လိုက်ပါ။ အောက်ပါအတိုင်းကျလာတဲ့ box မှ Customize ကို click လိုက်ပါ။ ပြီရင် Change Icon ကို ထက် click လိုက်ပါ။

5. အောက်ပါအတိုင်းကျလာသော box မှာ blank ကို click လိုက်ပါ။ ပြီရင် ok ကို click ပေးလိုက်ပါ။ Custmize မှ Apply ဒါမှမဟုတ် ok ကို click ပေးလိုက်ပါ။ ဒါဆိုရင် Desktop ပေါ်မှာ မိမိ folder ပျောက်သွားပါပြီ။

6. ပြီရင် Desktop ပေါ်မှာ Right click ပေးပြီ Arrange Icon By မှ Auto Arrange ကို အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။ ပြီရင် မိမိဖျောက်လိုက်တဲ့ folder ကို Refresh ပေးပြီ ကြည့်လိုက်ပါ။ ပြီရင် Desktop ပေါ်မှာ မိမိပို့ချင်တဲ့နေရာမှာ ပို့ပြီ မိမိထည့်ချင်တာတွေကို မသိမသာလေး ထည့်ထားလိုက်ပေါ့ခင်ဗျာ။။ဒါဆိုရင် အလွယ်မတွေ့တော့တဲ့အတွက် ဘယ်သူမှ ဖွင့်မကြည့်တော့ဘူးပေါ့ခင်ဗျာ။

No comments:
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)