Showing posts with label linux ubuntu. Show all posts
Showing posts with label linux ubuntu. Show all posts

Wednesday, November 17, 2010

Linux Ubuntu 10.04 အတွက် အဆင်ပြေမည့် မြန်မာ Font

ကျွန်တော် Linux Ubuntu 10.04 သုံးတဲ့ သူငယ်ချင်းတွေ မြန်မာ Font အဆင်မပြေတာတွေ ရှိခဲ့ရင် ကျွန်တော်လက် ရှိအသုံးပြုနေတဲ့ အဆင်ပြေတဲ့ Font လေးကို တင်ပေးလိုက်ပါတယ်။ အသေးစိတ် ရှင်းပြမပေးတော့ဘူး ။ Linux က အသုံးနည်းပါတယ်။ ဒါပေမဲ့ ကျွန်တော် လိုအပ်ရင် အလွယ် ပြန်ရှာလို့ရအောင် မှတ်စုသဘောမျိုး တင်လိုက်တာပါ။ ဒါပေမဲ့ ကျွန်တော်လို သူငယ်ချင်းများ လိုအပ်တာ ရှိခဲ့ရင်လည် အသုံးပြုရ လွယ်ကူအောင်ဖြစ်ပါတယ်။ အသေးစိတ် ရှင်းထားပြီးသာဖြစ်လို့ ညဏ်ကူလိုက်တာနဲ့ အဆင်ပြေသွားပါမည်။ မရဘူးဆိုရင်လည် ပြန်ပြောပါ။ ကျွန်တော် နားလည်သလို ပြန်ရေးပေးပါမည်။ အခုတော့ စာအုပ်နဲ့ Font ဖိုင်ကို တင်ပေးလိုက်ပါတယ်။ Linux အကြောင်း နည်းနည်းစီ ကြားဖြတ် တင်ပြပေးပါမည်။

မှုလဆိုဒ်က တိုက်ရိုက် လေ့လာ ဒေါင်းလုပ်ခါချင်လျင်

zawgyi-keyboard.googlecode.com

ချက်ချင် လိုချင်လျင်
MM Font Install ပြုလုပ်နည်း စာအုပ်
Zawgyi Font

Wednesday, November 3, 2010

Window 7 မှာ Linux တင်လို့မရတဲ့ ပြဿနာ

Window 7 မှာ Linux Ubuntu တင်လို့မရဘူးဆိုတဲ့ သူငယ်ချင်းတွေအတွက် ဝေမျှပေးလိုက်တာပါ။ ကျွန်တော် အရင်ကတော့ Windows XP မှာ တင်ပြီ သုံးနေတာပါ။ မေးတဲ့ သူက Window 7 ဆိုလို့ ကျွန်တော့ သူငယ်ချင်း စက်မှာ ပထမ တင်ကြည့်ပါတယ်။ ဒါပေမဲ့ တင်လို့မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ OS က 32 bit ဖြစ်နေလို့ ဖြစ်ပါတယ်။ ဒါနဲ့ 64 bit မှာတင်ကြည့်တော့ အဆင်ပြေသွားပါတယ်။ ဒါနဲ့ ကျွန်တော်စက်မှာဘဲ 32 bit နဲ့ တင်လို့ရအောင် ကြိုစားကြည့်တာ အဆင်ပြေသွားတယ်။ ဒါကြောင့် window 7 32 bit (86 bit ) OS သုံးထားတဲ့ သူငယ်ချင်းများ Linux Ubuntu တင်လို့မရခဲ့ရင် အောက်ပါအတိုင်း Shrink Volume ဖန်းတီပြီ တင်ရအောင် လုပ်ဆောင်ရပါမည်.။

1. Start >> My computer ကို Right click ထောက်ပြီ Manage ကို Click လိုက်ပါ။
2. Storage အောက်က Disk Management ကို click လိုက်ပါ။ မိမိ Shrink Volume လုပ်မည့် Drive တစ်ခု ပေါ်မှာ Right click ထောက်ပြီ Shrink Volume ဆိုတာကို click လိုက်ပါ။



3. Shrink Box ကျလာပါမည်။ ဥပမာ- မိမိ မှုလ Hard Disk က 80 Gb ရှိတယ်ဆိုပါဆို မိမိက Linux တင်ဖို့ အတွက် 40 Gb ခွဲထုတ်မယ်ဆိုရင် 1024 * 40=40960 ရလာတဲ့ ဂဏန်းကို Enter The amount of space to shrink in MB မှာ ရိုက်ထည့်လိုက်ပါ။ပြီရင်တော့ Shrink ကို Click ပေးလိုက်ပါ။



4. Shrink ကိုနိုမ့်လိုက်တာနဲ့ အောက်ပါအတိုင်း တွေ့ရပါမည်။ Right click ထောက်ပြီ New Simple Volume ကို click လိုက်ပါ။



5. Next ကို ထပ် click လိုက်ပါ။




6. မိမိတို့ ရိုက်ခဲ့တဲ့ ဂဏန်းကို တွေ့ရပါမည်။ Next ကိုဘဲ click လိုက်ပါ။



7. ဒီနေရာမှာ မိမိက Driver Letter ကို မိမိကြိုက်နှစ်သက်ရာ ထားချင်တယ်ဆိုရင် ရွေးချယ်လိုက်ပါ။ မထားချင်ဘူး ဆိုရင်လည် Next ကို နိုမ့်လိုက်ပါ။ နောက်မှ Drive Letter ကို ပြန်ပြောင်းလဲ ရပါတယ်။



8. Format This Volumes With the Following Setting မှာ File System မှာ NTFS ဖြစ်နေပါမည်။ မဖြစ်က ပြောင်းပေးလိုက်ပါ။ အခုနောက်ပိုင်းမှာ OS တွေမှာ NTFS ဘဲ သုံးပါသည်။ ( NTFS နဲ့ FAT အကြောင်းကို တင်ပြခဲ့ပြီဖြစ်ပါတယ်။ ) Allocation unit size မှာ Default ဖြစ်နေပါမည်။ ဒီတိုင် ထားလိုက်ပါ။ Volume Label မှာ Ubuntu လို့ရိုက်လိုက်ပါ။ မရိုက်လဲ ရပါသည်။ ကွဲပြားအောင် ရေးလိုက်တာပါ။ ပြီရင် Next ကို click လိုက်ပါ။



9. ပြီးရင်တော့ Finish ကို click လိုက်ပါ။ ဒါဆိုရင် မိမိ တည်ဆောက်ခဲ့တဲ့ Shrink volume ကို Format ရိုက်လိုက်တာဖြစ်ပါတယ်။ ဒါဆိုရင် Wubi ကို Run ပြီ Ubuntu ကို Install လုပ်လိုက်ပါ။ ဘာပြဿနာမှ မတက်ဘဲ Linux ကို တင်နိုင်ပါပြီ။ (မှတ်ချက်။ ၊။Wubi နဲ့ Ubuntu Install လုပ်နည်းကို နောက် Post နဲ့ တင်ပေးပါမည်။ )အောက်မှာ Format ရိုက်ပြီတာကိုကြည့်လိုက်ပါ။ )

 

Recent Post

Random Post