Showing posts with label Windows XP. Show all posts
Showing posts with label Windows XP. Show all posts

Monday, September 26, 2011

Blue Screen Error ဖြေရှင်းနည်း (၂)

ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။

2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်….:)။

Friday, April 22, 2011

Cmd ကနေ ဆိုဒ်တွေကို Block မယ်

ကျွန်တော်တို့ ကျောင်းတွေမှာပဲဖြစ်ဖြစ်၊ အိမ်တွေမှာပဲဖြစ်ဖြစ် Admin Account ကနေ မိမိမလိုချင်တဲ့၊ ကလေးငယ်တွေပဲဖြစ်ဖြစ် မကြည့်စေချင်တဲ့ Web Site တွေကို Software မသုံးပဲပိတ်ထားလို့ ရပါတယ်။ လုပ်ရတာလည်း လွယ်ကူရိုးရှင်းတဲ့အပြင် Site တွေကိုလည်း အကန့်အသတ်မရှိ ပိတ်နိုင်တဲ့အတွက် အားလုံးပဲ လိုအပ်ရင် အသုံးပြူလို့ရအောင် ဝေမျှလိုက်ပါတယ်။

လုပ်နည်း

1. Start >> Cmd ကိုဖွင့်လိုက်ပါ။ (Adminstrator ဖြစ်ဖို့တော့လိုပါတယ်။ Window XP မှာဆိုရင်တော့ Start >> Run >> Cmd ကိုဝင်လိုက်ပါ။)
2. notepad C:/Windows/System32/drivers/etc/hosts ကို Cmd (Commmand Prompt ) ထဲမှာ အတိအကျရိုက်ထည့်လိုက်ပါ။


3. ကျလာတဲ့ Notepad ဖိုင်လေးရဲ့ အောက်ဆုံးနားမှာ 127.0.0.1 ပိတ်ချင်တဲ့လိပ်စာ ကို ရိုက်ထည့်ပေးလိုက်ပါ။ ကျတော်ကတော့ ဥပမာအနေနဲ့ facebook နဲ့ပြထားပါတယ်။

4. Save ပြီး ပိတ်လိုက်ပါ။ Cmd ကိုလည်း Exit လုပ်လိုက်ပါ။
5. ဒါဆို Facebook ကိုဝင်လို့မရတော့ပါခင်ဗျာ။

တကယ်လို့ ပြန်ဝင်ချင်တယ်ဆိုရင်တော့ (127.0.0.1 ပိတ်ချင်တဲ့လိပ်စာ ) လေးကို ပြန်ဖျက်ပေးလိုက်ပါ။ ဒါဆိုပြန်ဝင်လို့ ရပါပြီ။


Thursday, December 23, 2010

Drive တွေကို Software မသုံးပဲ ဖျောက်ကြည့်မယ်

ဒီနည်းလေးကတော့ တော်တော်များများ သိပြီးသားဖြစ်ကြမှာပါ။ တော်တော်လေးလည်း ကြာနေခဲ့ပါပြီ။ ဒါပေမယ့် Software မသုံးပဲ လုပ်လို့ရတာက တစ်ကြောင်း၊ မေးတဲ့သူငယ်ချင်းတွေလည်း ရှိနေတာကတစ်ကြောင်းမို့ တင်ပေးလိုက်ပါတယ်။ CMD ကနေ ဖျောက်တဲ့နည်းလေးပါ။ ဆော့ဝဲမသုံးပဲ လုပ်ရတာကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် ဝေမျှပေးလိုက်ပါတယ်။
လုပ်နည်း
1. Start > Run > Cmd လို့ရိုက်လိုက်ပါ။
2. ကျလာတဲ့ Cmd Box လေးထဲမှာ diskpart လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။
3. နောက်တစ်ဆင့် အနေနဲ့ list volume လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ မိမိစက်ထဲမှာရှိတဲ့ Drive တွေရဲ့ List ကိုပြသပေးပါတယ်။ မရှင်းခဲ့ရင် အောက်မှာ ပုံလေးကို ကြည့်ပေးပါ။


4. အဲ့ဒီကမှာ မိမိဖျောက်ချင်တဲ့ Drive ရဲ့ Volume နံပါတ်ကို ရွေးပေးရပါမယ်။ ဒါကြောင့် select volume 2 လို့ရိုက်ပေးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က Drive E ကိုဖျောက်ချင်လို့ပါ။ ပုံလေးကိုကြည့်ပေးပါ။


5. နောက်ဆုံးအဆင့် အနေနဲ့ Remove Letter E လို့ရိုက်ပေးလိုက်ပါ။ ကျွန်တော်က E ကိုဖျောက်မှာမို့ E လို့ရွေးပေးတာပါ။ E နေရာမှာ မိမိဖျောက်ချင်တဲ့ Drive Letter ရွေးပေးရမှာ ဖြစ်ပါတယ်။ ပုံလေးကြည့်လိုက်ရင် ရှင်းသွားမှာပါ။


6. Reboot ပေးရမယ်လို့ ပြောထားတဲ့ အတွက် Restart ပေးလိုက်ရင် မိမိဖျောက်ထားတဲ့ Drive လေး ပျောက်သွားမှာဖြစ်ပါတယ်။

ပြန်ဖော်နည်း
တကယ်လို့ မိမိကပြန်ဖော်ချင် ပါတယ်ဆိုရင် အဆင့် (၁) မှ (၄) အထိကို အရင်ဆုံးလုပ်ဆောင် ပေးရပါမယ်။ အဆင့် (၅)နေရာရောက်လာရင် Remove Letter E နေရာမှ assign Letter E လို့ ရိုက်ပေးလိုက်တာနဲ့ မိမိဖျောက်ထားတဲ့ Drive လေး ပြန်ပေါ်လာမှာဖြစ်ပါတယ်။ အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Tuesday, November 23, 2010

CMD ကိုပိတ်ထားရင်

ဒါကတော့ ရှေ့ပိုင်းမှာ ကိုမိုးထက်မြင့် တင်ပြပေးခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ gpedit.msc ကနေ ပိတ်ဖွင့်နည်း၊ ဆော့လ်ဝဲသုံး ပိတ်ဖွင့်နည်း ၊ စတာတွေဘဲ တင်ခဲ့တာ တွေ့လို့ ကျွန်တော်က Regedit ၊ bat ဖိုင်သုံးပြီ ဖွင့်တဲ့နည်းကို တင်ပေးလိုက်တာပါ။ ကျွန်တော်တို့ အင်တာနက်ဆိုင်တွေ၊ ရုံးတွေ၊ကျောင်းတွေမှာ Cmd ကိုဖွင့်လို့မရအောင် ပိတ်ထားရင်ပဲ ဖြစ်ဖြစ်၊ မိမိရဲ့ စက်မှာ Cmd ကို ပိတ်ထားချင်တဲ့ အခါမျိုးမှာ ပဲဖြစ်ဖြစ် အဆင်ပြေစေမယ့် နည်းလမ်းလေးပါ။ ပထမဆုံး Windows7 မှာ Cmd ကိုပိတ်တဲ့ နည်းလေးကို အရင်ဆုံး တင်ပြချင်ပါတယ်။
လုပ်နည်း
1. ပထမဆုံး Start ကနေ Regedit လို့ ရိုက်ပီး Registry ထဲကို ၀င်လိုက်ပါ။


2. Registry ထဲရောက်တာနဲ့ HKEY_CURRENT_USER >> System ကိုသွားလိုက်ပါ။


3. System ကို Right Click ထောက်ပီး NEW ကနေ DWORD (32bit) Value ကို Click လိုက်ပါ။


4. Click ပေးလိုက်လို့ ကျလာတဲ့ Name ရဲ့အောက်က Box ထဲမှာ အသစ်ပေါ်လာတဲ့ Newကို DisableCMD လို့ Rename အတိအကျ ပြောင်းပေးလိုက်ပါ။


5. ပြောင်းပြီးသွားတာနဲ့ ရလာတဲ့ DisableCMD ကို Click နှစ်ချက်လောက် နှိပ်လိုက်ရင် Box လေးတစ်ခုထပ်ကျလာပါလိမ့်မယ်။ ကျလာတဲ့ Box လေးထဲက Value Data ကို 2 ဆိုပြီး သတ်မှတ်ပေးလိုက်ပါ။ ဒါဆိုရင် Cmd ကို Start ကနေ ဖွင့်လို့မရတော့ပါဘူး။ တကယ်လို့ မိမိက ပြန်ဖွင့်ပေးချင်တယ်ဆိုရင် ခုနက ValueData 2 နေရာမှာ 0 ဆိုပြီး ပြောင်းပေးလိုက်တာနဲ့ Cmd ပြန်ပွင့် သွားပါပြီ။ ဒါကတော့ မိမိစက်ကို စိတ်ကြိုက် သတ်မှတ်ပေးနဲ့ နည်းပါ။
နောက်တစ်နည်းကတော့ ဘယ်စက်မှာမဆို Cmd ကိုပိတ်ထားရင် မိမိဖွင့်ချင်ရင် ဖွင့်လို့ရအောင် လုပ်တဲ့နည်းပါ။
လုပ်နည်း

1. အောက်မှာပေးထားတဲ့ စာတွေကို Text File တစ်ခုခုမှာ ရိုက်ထည့်ပြီး File name နေရာမှာ .Bat နဲ့ Save as Type ဆိုတဲ့နေရာမှာ AllFile လို့ပြောင်း ပြီး Save လိုက်ပါ။


2. ရလာတဲ့ bat File လေးကို ရမ်းလိုက်တာနဲ့ Cmd လေးပေါ်လာပါ လိမ့်မယ်။
အားလုံးအဆင်ပြေကြပါစေ။

Tuesday, November 9, 2010

Super Speed USB 3.0 နှင့် USB 2.0 ခြားနားချက်များ

ကျွန်တော်ဒီနေ့ USB 3.0 လေးနဲ့နည်းနည်း မိတ်ဆက်ပေးချင်လို့ပါ။ USB 3.0 လေးကတော့ USB 2.0 ထက်ကို ပိုမိုမြန်ဆန်စွာနဲ့ Data တွေကို ပို့ဆောင်ပေးမယ့် ပစ္စည်းလေး တစ်ခုပါ။ ယခင် USB2.0 အမျိုးအစားတွေထက် 10 လောက် မြန်မြန်ဆန်ဆန် Data တွေကို Transfer လုပ်ပေး လုပ်ပေးနိုင်ပါလို့ ဆိုထားပါတယ်။ USB 2.0 မှာဆိုရင် 480 Mbits/s ရှိတာကနေ USB 3.0 မှာဆိုရင် 4.8 Mbits/s ထိ Trasfer လုပ်ပေးနိုင်တယ် လို့ဆိုထားပါတယ်။ ဒါက သီအိုရီအရပါ။ တကယ်တမ်း လက်တွေ့မှာတော့ 4.8Gbits/sရဲ့တစ်ဝက် တိတိလောက်ပဲ အစွမ်းကုန်အလုပ်လုပ်ပေး မယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ကျွန်တော်တို့ အသုံးပြူနေကျဖြစ်တဲ့ 2.0 တွေမှာဆို ရင်လည်း 480 Mbits/s လို့ဆိုပေမယ့် တကယ်တမ်း အလွန်ဆုံးမှာတော့ 320 Mbits/s လောက်ပဲ လုပ်ပေးနေတာပါ။ ကွန်ပျူတာနဲ့ USB ဆက်စပ် ပစ္စည်းတွေကြားမှာ လျင်မြန်လွယ်ကူစွာ အလုပ်လုပ်ချင်သူများ အတွက် ပိုမို သင့်တော်ပါတယ်။ လက်ရှိ မားသားဘုတ်တွေ မှာလည်း USB 3.0 Port တွေကို ထပ်မံထည့် သွင်းအသုံး ပြူနိုင်ပါတယ်။ အောက်မှာ 2.0 နဲ့ 3.0 တို့ရဲ့ ကွဲလွဲချက် ကလေးတွေ ကိုဖော်ပြပေးထားပါတယ်။


2.0 တွေပျောက်ကုန်တော့မှာလား

USB 2.0 Devices နဲ့ Connector တွေဟာ ဘယ်လိုဆက်ပြီး စခန်းသွားမှာလဲလို့ မေးစရာရှိပါတယ်။ ဒီအတွက် USB 3.0 Ports တွေက လက်ခံပြီး အလုပ်လုပ်ပေး ပါတယ်။ ဒါပေမယ့် 3.0 ရဲ့ အမြန်နှူန်းအတိုင်း အလုပ်လုပ်မှာတော့ မဟုတ်ပါဘူး။ 2.0 ရဲ့ အမြန်နှူန်းအတိုင်းဘဲ ဆက်လက်လုပ်နေမှာ ဖြစ်ပါတယ်။ 3.0 တွေဟာ 2.0 တွေထက် ကုန်ကျစရိတ်တော့ ပိုများနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ 3.0 အတွက် cables တွေ Controller တွေ က သီးခြားလိုအပ် လာတော့မှာ ဖြစ်လို့ပါဘဲ။ ဒါကြောင့် 2.0 နဲ့ 3.0 ဟာ အတူတူ ယှဉ်တွဲပြီး ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ တကယ်လို့ 3.0 ရဲ့ အမြန်နှူန်းတွေကို လိုချင်ရင်တော့ 3.0 ရဲ့ Ports တွေနဲ့ Connector တွေကို သာ အသုံးပြူကြရမှာ ဖြစ်ပါတယ်။ အောက်မှာ သူတို့ရဲ့ ကွဲလွဲချက်ကလေးကို လေ့လာကြည့်ပါဦး။


ဘယ်သူတွေအများဆုံးစိတ်ဝင်စားမလဲ

Video ဖိုင်တွေဟာ Trasfer လုပ်ရင် ကြာတတ်ပါတယ်။ Video နဲ့ ဆိုင်တဲ့ Professional သမားတွေအတွက်ကတော့ စိတ်မရှည်ချင်စရာပါ။ 2.0 နဲ့ Video တွေကို Transfer လုပ်တဲ့အခါ တော်တော်လေး စိတ်ရှည်ရပါတယ်။ 3.0 မှာတော့ တော်တော်လေး ပိုမြန်လာတဲ့အတွက် Profession သမားတွေအတွက် စိတ်ဝင်စားစရာ အမြန်နှူန်းဖြစ်နေမှာတော့ သေချာပါတယ်။ သူတို့ရဲ့ ကွာခြားချက်လေးကို အောက်မှာကြည့်လိုက်ပါဦး။


Drivers တွေရော လိုဦးမှာလား

လောလောဆယ်တော့ Window 7 နဲ့ Linux 2.6.31 တွေမှာ Window ကနေ support လုပ်ပေးနိုင်ဖို့ကို ပြင်ဆင်နေပါပြီ။ အခြား Windows OS တွေအတွက်လည်း 3.0 ကို support လုပ်ဖို့ Drivers တွေ ထွက်လာဦးမှာပါ။ ဒါကြောင့် စွမ်းဆောင်ရည်တွေကို မြင့်တင်ချင်တယ်ဆိုရင်တော့ သီးခြား Devices တွေအတွက် သီခြား Driver တွေလိုနေဦးမှာ ဖြစ်ပါတယ်။

ဘာတွေများကွာခြားသွားတာလဲ

3.0 တွေကို အမျိုးအစားပေါ် မူတည်ပြီး အုပ်စု(၃)စုခွဲခြားထားပါတယ်။ အောက်မှာ ပုံလေးနဲ့တကွ ဖော်ပြထားပါတယ်။ လေ့လာကြည့်ပါဦး။



ကျွန်တော်ဗဟုသုတ အနေနဲ့ ဘာသာပြန်ပြီး တင်ပြပေးလိုက်တာပါ။ နားမလည်တာ အယူအဆ မှားယွင်းတာများ ပါခဲ့ရင် ကျွန်တော့်ရဲ့ အားနည်းချက်သာ ဖြစ်ပါတယ်။ အားလုံးကျေးဇူး တင်ပါတယ်။

Wednesday, November 3, 2010

Driver Icon တွေကို Software မသုံးဘဲ ချိန်းလို့ရလာခင်ဗျာ။

ကျတော်တို့ မိမိစက်ထဲမှာ ရှိတဲ့ Drive တွေကို မိမိကြိုက်တဲ့ Icon လေးတွေ ပြောင်းချင်သူများ အတွက် Software မသုံးဘဲ ပြောင်းလို့ရတဲ့ နည်းလေးကို ဝေမျှလိုက်ပါတယ်။ အခုလို နည်းလေးကို တင်ပြပေးရတာကလဲ မေးလာလို့ပါ။ နောင်တော် ညီတော်များရဲ့ ဆိုဒ်များမှ ရေးပြီးလောက်ပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကို လာမေးတဲ့ သူငယ်ချင်းလိုဘဲ မသိသေးတဲ့ သူငယ်ချင်းများ ကျွန်တော်ဆိုဒ်ကို ပုံမှန်အားပေးနေသော သူငယ်ချင်းများ မသိခဲ့ရင် Software မလိုဘဲ သုံးလို့ရအောင်ပါ။ ကျေးဇူးတင်ပါတယ်။ ( Windows XP, Vista , Windows 7 အားလုံး အလုပ်လုပ်သည်။)
လုပ်နည်း
1. Start >> Run >> Notepad လို့ရိုက်ပြီ Enter ခေါက်ပါ။
2. Notepad ထဲမှာ အောက်က စာကြောင်းလေး နှစ်ကြောင်းကို ရေးရပါမည်။ ကျွန်တော် အနီရောင်နဲ့ ပြထားတဲ့ နေရာမှာ မိမိကြိုက်နှစ်သက်ရာ icon ပုံရဲ့ Name ကိုပြောင်းလဲပေးရပါမည်။ ပြီးရင် Autorun.inf လို့ Save လိုက်ပါ။

[autorun]
ICON=D.ICO



3. ပြီရင် မိမိ Files Names ထည့်ခဲ့တဲ့ ပုံကို မိမိပြောင်းစေချင်တဲ့ Drives ထဲမှာ ထည့်ထားလိုက်ပါ။ တနည်းအားဖြင့် Notepad နဲ့ ဖန်းတီခဲ့တဲ့ ဖိုင်လေးရယ် မိမိပြောင်းချင်တဲ့ ပုံလေးရယ်ကို မိမိပြောင်းချင်တဲ့ Drives ထဲမှာ Saves လိုက်ပါ။



4. အားလုံးပြီးတာနဲ့ Restart ချလိုက်ပါ။ အောက်ပါအတိုင်း ပြောင်းသွားတာကို တွေ့ရပါမည်။

Thursday, October 21, 2010

Disk cleanup မှ compress old files သုံးနည်း

ကျွန်တော်တို့ computer အသုံးပြုတဲ့ သူတွေ အတော်များများမှာ မိမိတို့ အသုံးပြုတဲ့ hard disk ရဲ့ Space ကို မလိုအပ်တဲ့ ဖိုင်တွေ နေရာ ယူတာ မလိုချင်ကျပါဘူး။ ဒါကြောင့် ရနိုင်သမျှ နည်းလမ်းတွေကို အသုံးပြုပြီး ရှင်းလင်းကျပါသလို Third Party Software တွေကို လည် အသုံးပြုရှင်းလင်းကျပါတယ်။ အဲ့ဒီလို နည်းလမ်းတွေ အထဲ က Disk cleanup ကို အသုံးပြုကျပါတယ်။ ဒါပေးမဲ့ ကျွန်တော် ပြောချင်တာက Disk cleanup အကြောင်းမဟုတ်ပါဘူး အဲ့ဒီ Disk cleanup ထဲမှာ ပါတဲ compress old files အကြောင်းကို ပြောပြချင်လို့ပါ။ သာမန်အားဖြင့် Disk Cleanup အသုံးပြုတဲ့ လူတွေ အတော်များမ အဲ့ဒါအသုံးပြုပြီတာ OK တန်ပြီး click ကျပါတယ်။ တစ်ချို့ကျတော့လည် Temporary Internet Files တွေလို့ Download Program files တွေကို click ပေးပြီး ရှင်းကျပါတယ်။ ဒါပေမဲ့ compress old files ကို အသုံးမပြုကျပါဘူး။ ဒါကြောင့် compress old files အကြောင်းကို ရှင်းပြပေးပါမည်။
Disk cleanup compress old files ဆိုတာ ကျွန်တော်တို့ Windows XP မှာ အတော် အသုံးဝင် အသုံးတဲ့တဲ့ Tool လေးတစ်ခုပါ။ ကျွန်တော်တို့ Disk cleanup က ဖိုင်တွေကို မိမိတို့ အသုံးပြုနေတဲ့ OS မှာ Restore space အချို့ကို ပေါင်းထည့်ပေးတဲ့ ဖိုင် လို့ တနည်းဆိုလို့ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကျွန်တော်ရှေ့မှာ ပြောခဲ့သလို Disk Space ကို နေရာယူတဲ့ Temporary files တွေကို ရှင်းထုတ်ပေးတယ်။ နောက်အခု ကျွန်တော်ပြောချင်တဲ့ compress old files (ဖိုင်အဟောင်တွေကို ချုံပေးတဲ့ Tool )တွေကို အခွင့်အရေးအနေနဲ့ Windows XP မှာ Disk cleanup နဲ့ ပေါင်းထည့်ထားတာဖြစ်ပါတယ်။ အသုံးမပြုတာ ကြာနေတဲ့ ဖိုင် အဟောင်းတွေကို hard disk ထဲမှာ နေရာကို ချုံပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် Disk cleanup လုပ်ပေးတဲ့ အချိန်တိုင်း old files တွေကို ချုံပေးဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် XP မှာ Disk cleanup မှာ compress old files တွေက 50 day ထက် ပိုရှိနေနိုင်ပါတယ်။ တစ်ခါတရံမှာတော့ 50 day ထပ် ပိုမလိုချင်ဘူးဆိုရင် မိမိစိတ်ကြိုက် နေ့ကို လျော့ချလို့ရပါတယ်။ တနည်းအားဖြင့် compress old files ဆိုတာ အချိန်ကြာခဲ့ data အဟောင်းတွေကို hard disk မှာ space များများမယူနိုင်အောင် နှင့် ပြန်ကျဲနေတာတွေကို ချုံပေးတဲ့ Tool လို့ နားလည်းထားးရင် အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်။ လိုအပ်ခဲ့လို အသုံးပြုချင်တယ်ဆိုရင် အောက်ပါအတိုင်းအဆင့်ဆင့် လုပ်ဆောင်လိုက်ပါ။
လုပ်နည်း
1. My computer >> မိမိကြိုက်နှစ်သက်ရာ partitions တစ်ခုပေါ်မှာ Right click ထောက်ပြီ Propertity ကို click လိုက်ပါ။

2. General >> Disk cleanup ကို click လိုက်ပါ။ Folder to delete ဆိုတဲ့ အကွက်ထဲမှာ compress old files ဆိုတာကို ရှာလိုက်ပါ။ အမှန်ခြစ်ပေးပြီး click လိုက်ပါ။ ပြီးရင် option ဆိုတာ ရှိပါတယ်။ အောက်မှာကြည့်ပါ။


3. Option ကို click လိုက်တာနဲ့ ပုံမှန် Default အတိုင်းဆိုရင် 50 day တွေ့ရပါမည်။ မိမိ ကြိုက်နှစ်သက်တဲ့ Day ကို ထည့်နိုင်ပါတယ်။ ကျွန်တော်ကတော့ 30 day လောက် ပြောင်းထားလိုက်ပါတယ်။ ပြီးရင်တော့ OK ပေါ့။ ဒါဆိုရင် ပြီးပါပြီ နောက်လုပ်စရာ မလိုတော့ပါဘူး။ မိမိက ရက်ပြန်ပြောင်းချင်မှသာ လိုအပ်ပါတော့တယ်။ ရက် ၃၀ ဆယ်ပြည့်တိုင်း ချုံပေးမှာ ဖြစ်ပါတယ်။



Wednesday, October 20, 2010

Sharing Data offline ပြုလုပ်နည်း

ကျွန်တော်က မိတ်ဆွေတစ်ယောက်က သူ့ကွန်ပျူတာမှာ files တွေ folder တွေကို shared လုပ်တဲ့ အခါမှာ offline ဖြစ်နေရင်တောင် ယူလို့ ရအောင် ဘယ်လို လုပ်ရမလဲဆိုတာနဲ့ ဟိုရှာ ဒီရှာနဲ့ လက်တွေ လုပ်ကြည့်ပြီးမှ တင်လိုက်တာပါ.။ တခါမှလဲ အဲ့လို မတွေးဖူးတော့ ချက်ချင်မသိလိုက်တာပါ။ ဒါကြောင့် အခုမှ ရေးတင်လိုက်တာ ဖြစ်ပါတယ်။ အများသိပေမဲ့လဲ Shared လုပ်တာကနေ စတင်ပြပေးပါမည်.။ တစ်ခုအားဖြင့် Sharing လုပ်တဲ့ အခါမှာ Sharing လုပ်တဲ့ စက်က Server ဖြစ်သွားပြီးတော့ အခြားစက်က client ဖြစ်သွားတာဖြစ်ပါတယ်။ ဒါကြောင့် Shared လုပ်တဲ့ အခါမှာ တကယ် စနစ်ကျဖို့ အစီအစဉ် နှစ်ခု လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အများအားဖြင့်တော့ Shared တစ်ပိုင်းသာ လုပ်ဆောင်ကျပါတယ။် ကျွန်တော် အခုတင်ပြမည့် အပိုင်းကို မလုပ်ဆောင်ကျပါဘူး။
Shared လိုချင်တဲ့ Folder ကို Right click ထောက်ပြီး Sharing and Security ကို click လိုက်ပါ။ အောက်မှာကြည့်ပါ။



အောက်ပါအတိုင်း Sharing and Security ကို တွေ့ရပါမည်.။ Sharing tab ကို click လိုက်ပါ။ Share This folder ကို click လိုက်ပါ။ User Limit မှာလဲ အားလုံးကို ယူခွင့်ပေမလာ မပေးဖူးဆိုတာ ကန့်သတ်နိုင်ပါသေးတယ်။ Permission မှာလည် မိမိ Share လုပ်မည့်သူကို choice လုပ်ပေးနိုင်ပါတယ်။ Caching မှာတော့ မိမိ System က Default အတိုင်းဘဲ ဆိုရင်တော့ ဘာမှ ပြင်စရာ မလိုပါဘူး။ Default မဟုတ်ရင်တော့ Allow caching of files in this shared folder ဆိုတာကို အမှန်ခြစ်ပေးရမှာဖြစ်ပါတယ်။ Setting မှာတော့ Manual caching of documents ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ OK ပြီးနောက် Apply ပေါ့။ ဒီအပိုင်းက Sharing အပိုင်း ဖြစ်ပါတယ်။


အခု တင်ပြမည့်အပိုင်းက Offline Tab ကို အသုံးပြုနည်းဖြစ်ပါတယ်။ My computer ကို ဖွင့်လိုက်ပါ။ Tool >> Folder Option ကို click လိုက်ပါ။ offline files ကို click လိုက်ပါ။ အောက်မှာ ကြည့်လိုက်ပါ။ User Swetting ကို အသုံးပြုထားလို့ ဖြစ်ပါတယ်။



အဲ့ဒီလိုဖြစ်နေရင် ကျွန်တော် တို့ control panel က user account ကို click ပြီး change the way users logs on and logs off ကို click လိုက်ပါ။ Use the Welcome Screen ကို အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။ ပြီးရင် Apply option ကို click လိုက်ပါ။ ဒါဆိုရင် offline files tab ကို အသုံးပြုလို့ရပါပြီ။
Offline File Tab ကို click လိုက်တာနဲ့ အောက်ပါအတိုင်း တွေ့ရပါမည်။ Enabled Offline Tab ကို click ပေးလိုက်ပါ။ "Synchronize all offline files when logging on", "Synchronize all offline files before logging off" နှစ်ခုထဲက တစ်ခု ရွေးချယ်ပါ။ ပြီးရင်တော့ Apply ကို click လိုက်ပါ။


synchronizing ကို offline ကောင်းကောင်း အလုပ်လုပ်ဖို့ ဆိုရင် My computer ကို ဖွင့် Tool >> Synchronizing ကို click ပေးလိုက်ပါ။ ပြီးရင်တော့ Synchronizing ကို ထပ် click ပေးလိုက်ပါ။ ဒါဆို Shared အကြောင်းကို သဘောပေါက် နားလည်ကျမယ်လို့ မျှော်လင့်ပါတယ်။


hidden Files တွေကို ကြည့်နည်းအမျိုးမျိုး

ကျွန်တော်တို့ hidden files တွေနဲ့ပက်သတ်ပြီး ကြည့်နည်းကို တက်နိုင်သမျှ စုစည်းပေးလိုက်တဲ့ သဘောပါ။ အလွယ်ကြည့်နည်းကို တင်ပြပေးသလို စမ်းစမ်းလေးတွေနဲ့မှ ကျွမ်းကျင်မှု့ပြချင်တဲ့ သူငယ်ချင်းများအတွက် cmd, Registry တို့ကနေ ကြည့်တဲ့နည်းလေးတွေကိုပါ ကျွန်တော် စုစည်းပေးလိုက်ပါတယ်။ အောက်မှာ လေ့လာကြည့်လိုက်ပါ။ အခုလို နည်းတွေ ရေးတာကတော့ လွယ်တာတော့ အတော်လွယ်ပါတယ်။ ကျွန်တော်ဆိုဒ်မှာ မှတ်တမ်းတစ်ခု အနေနဲ့ သွင်းတာ ဖြစ်သလို Third Party Software တွေထပ် Windows Tool တွေသာ အဓိက ရေးတဲ့ ဆိုဒ်ဖြစ်တာကလဲတစ်ကြောင်းမို့ တင်ပြပေးလိုက်တာပါ။ လိုအပ်တဲ့သူငယ်ချင်း လေ့လာနေတဲ့ သူငယ်ချင်းတွေအတွက် ဗဟုသုတ အနေနဲ့ တင်ပြလိုက်တာပါ။ ကျေးဇူးတင်ပါတယ်။

ပထမနည်းလေးကတော့Cmd ကနေကြည့်တဲ့နည်းလေးပါ ကြည့်နည်းလေးကဒီလိုပါ
Run >> Cmd >> cd desktop >> dir/ah လို့ရိုက်ပီး ရှာလို့ရပါတယ် မရှင်းရင်ပုံလေးကိုကြည့်ပါ။ ( ကျွန်တော်က Desktop ပေါ်မှာ hide ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် cd desktop လို့ သုံးထားတာ ဖြစ်ပါတယ်။ )

ဒုတိယနည်းကတော့ Registry ကနေ သွားကြည့်တဲ့ နည်းလေးပါ သူ့ကိုတော့ ဒီလိုသွားလို့ရပါတယ်
1. Run ဘောက်တွင် Regedit လို့ရိုက်ပါ
2. ကျလာသည့် ဘောက်တွင် လမ်းကြောင်းအတိုင်းရောက်အောင်သွားပါ
3. HKEY_LOCAL_MACHINE >> SOFTWARE >> Microsoft >> Windows >> CurrentVersion >> Explorer >> Advanced >> Folder >> Hidden >> SHOWALL စတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ။ အောက်ပါအတိုင်း အခုလို တန်ဖိုး နှစ်ခု တွေ့ရပါလိမ့်မယ် ။

CheckedValue REG_DWORD 0x00000001(2)
DefaultValue REG_DWORD 0x00000002(2)

4. CheckedValue ရဲ့တန်ဖိုးကို 2 ကနေ 1 သို့ပြောင်းပေးလိုက်ပါ ။ ဆိုလိုတာက 2 က Do not show Hidden files and folder ကို ဆိုလိုတာဖြစ်ပြီး 1 ကတော့ show Hidden files and folder ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် CheckedValue REG_DWORD 0x00000001(1) လို့ ပြောင်းပေးရတာဖြစ်ပါတယ်။
အရိုးရှင်းဆုံးဘဲ ကြည့်မယ်ဆိုရင်လဲ အောက်ပါအတိုင်းသာ ကြည့်ကျပေးတော့ ။

ကျတော်တို့ ရိုးရိုးပဲ Control panel ကနေ ကြည့်တဲ့ နည်းလေးပါ။
လုပ်နည်းလေးကဒီလိုလေးပါ Control panel >> Folder option >> View Tab ကိုသွားလိုက်ပါ
အယ်ကနေ အောက်မှာရှိတဲ့ Hidden File and Folders ကနေ Show hidden Files ဆိုတာလေးကို ရွေးပေးလိုက်ပါ
Apply >> ok ဒါဆို အဆင်ပြေပါပြီ.အဆင်မပြေရင်ပုံလေးကြည့်လိုက်ပါဦး

Monday, June 14, 2010

လုံခြုံစွာနဲ့ ကွန်ပျူတာကို Lock ချနည်း( မသုံးကျရန်)

ကျွန်တော်တို့ မိမိကွန်ပျူတာကို မိမိ မသုံးတဲ့ အချိန် Lock ချချင်လို့ဘဲ ဖြစ်ဖြစ် height level လုံခြုံမှု့ ရှိစေမည့် နည်းလမ်းလေး ဖြစ်ပါတယ်။ ဘာ Software မှလည် မလိုအပ်သလို ဘာမှလဲ မခတ်ခဲတဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။ ဒီနည်းလမ်းက အရမ်းလည် ရိုးရှင်းသလို အကျိုးကျေးဇူးများပါတယ်။ အခုနည်းက ကျွန်တော် တို့ ပုံမှန်အတိုင်း password ပေးချင်လဲ ပေးထားလိုက်ပါ။ ပုံမှန်ပေးနည်းကို မလုပ်တက်က Start >> Control Pannel >> User Account မှာ အဆင့်ဆင့် သွားလုပ်ဆောင်လုပ်ပါ။ ပုံမှန်နည်းကို အသုံးမပြုချင်လည် ရပါတယ်။ ကျွန်တော်က ဒါကို တင်ပြချင်တာ မဟုတ်လို့ အရှည် မတင်ပြလိုတော့ပါ။ မိမိစက်ကို လုံးခြုံစေချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်း Safer Way နည်းလမ်းလေးကို အသုံးပြုကြည့်လိုက်ပါအုံးနော်။
1. Start >> Run >> syskey လို့ရိုက်ပြီ Enter ခေါက်ပါ။ အောက်ပါအတိုင်း ကျလာပါမည်။ Update ကိုနိုပ့်ပါ။



2. Password Startup အကွက်မှာ မိမိ အသုံးပြုချင်တဲ့ Password ကိုရိုက်ပြီး OK နိုပ့်ပါ။ ပြီးပါပြီ။ ကဲ ဘယ်လောက် လွယ်ကူနေတာကို။( Password နည်းလမ်းတွေကို တစ်စု တစ်စုတည် အခြားနည်းလမ်းများ တင်ပြပေးပါမည်။ )



Sunday, June 13, 2010

File ကို Pitcture မှာ Hide ချင်လို့ပါ

ကျွန်တော်ညီ တစ်ယောက် ( သူ့အစ်မ ပေးမယ်ပြောလို့ ) ပြောလို့ တင်ပေးလိုက်တာ.။ အတော်များများလဲ တင်ပြပေးခဲ့တာ တွေ့ရပါတယ်။ မြန်မာ ဆိုဒ်တွေ အတော်များများလည် တင်ပေးခဲ့လောက်ပြီးလို့ ထင်တယ်။ ဒါပေမဲ့ ကျွန်တော် ညီလို မသိတဲ့ သူတွေလည် ရှိအုံးမယ်လို့ ယူဆတယ်။ ဒါကြောင့် ကျွန်တော်ညီကို ပြောပြရင် ကျွန်တော် သူငယ်ချင်းတွေ အတွက်ပါ အသေးစိတ်ရေးပေးလိုက်တယ်။

လိုအပ်ချက်။
WinRar Software လိုအပ်ပါတယ်။ မရှိက ဒီမှာ Download ချပါ။

Download

Hide ရန်အတွက် ပြင်ဆင်ခြင်း

1. My computer >> C:\ ထဲမှာ New Folder ဆောက်ပြီး file လို့ Rename ပေးလိုက်ပါ။ ( မိမိကြိုက်တဲ့ Partition မှာ ပြုလုပ်နိုင်ပါတယ်။ ကျွန်တော်ကC ထဲမှာလဲ လုပ်လိုက်ပါတယ်။ အဲ့ဒီ Folder ထဲမှာ မိမိ hide မည့် ဖိုင်ကို WinRAR Software သုံးပြီး War သို့မဟုတ် Zip နဲ့ ချုံလိုက်ပါ။ )



2. မိမိ ဖိုင်ကို hide တဲ့ အခါမှာ အသုံးပြုမည့် ပုံကို မိမိတည်ဆောက်ခဲ့တဲ့ File ထဲကို ထည့်လိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။


အထက်ပါ အဆင့်တွေ ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ပါ။

1. Start >> Run >> cmd လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ.
2. Cd\ လို့ရိုက်ပြီး Enter ထပ်ခေါက်လိုက်ပါ။
3. C:\> မှာ cd file လို့ရိုက်ပြီး Enter ခေါက်ပါ။
4. C:\ file > မှာ copy / b Text.jpg +secret.rar moehtet.jpg လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ ခဏ စောင့်လိုက်ပါ။ ဒါဆို ကျွန်တော်တို့ File ကို hide ပြီးသာ ဖြစ်သွားပါပြီ။ (မှတ်ချက်။ ကျွန်တော်တို့ copy / b နောက်က ရိုက်တဲ့ Text.jpg ဆိုတာ ကျွန်တော်တို့ မိမိ ဖိုင်ကို Hide တဲ့ အခါမှာ သုံးမည့် ပုံရဲ့ File Type ကိုရိုက်ရပါမည်။ ကျွန်တော် အသုံးပြုမည့်ပုံက jpg အမျိုးအစားဖြစ်လို့ Text.jpg လို့ ရိုက်တာ ဖြစ်ပါတယ်။ + secret.rar က ကျွန်တော် က rar ဖိုင်အမျိုးအစားနဲ့ ချူံခဲ့လို့ ဖြစ်ပါတယ်။ Zip နဲ့ ချူံ ခဲ့ရင် recret.zip လို့ ရေးရပါမည်။ moehtet.jpg ကတော့ မိမိ ကြိုက်နှစ်သက်တဲ့ Neme ကို ရိုက်နိုင်ပါတယ်။ ဥပမာ.။။။။ nora.jpg လို့ဘဲ ရိုက်ရိုက် ပေါ့။ ) အောက်က ပုံကိုကြည့်လိုက်ပါ။ ဒါဆို ရှင်းသွားပါမည်.။



အထက်ပါအတိုင်းလုပ်ပြီး သွားရင်တော့ hide ပြီးသွားပြီ ဖြစ်လို့ Text.jpg နဲ့ Secret.rar ကို Delete လုပ်လိုက်ပါ။ moehtet.jpg ဘဲ ချန်ထားလိုက်ပါ။ ပြီးရင် moehtet.jpg ကို preview နဲ့ဘဲကြည့်ကြည့် Double click နဲ့ဘဲ ကြည့်ကြည့် ပုံဘဲ တွေ့ရပါမည်. မိမိ hide ထားတဲ့ file ကို မတွေ့ရပါ.။ မိမိ hide ထားတဲ့ ပုံကို တွေ့ချင်ရင်
  1. မိမိ hide ထားတဲ့ ပုံပေါ်ကို Right click ထောက် ပြီးရင် open with >> WinRAR Arhiver ကို click လိုက်ပါ။



WinRAR Archiver ကို နိုပ်လိုက်တာနဲ့ အောက်ပါအတိုင် မိမိ hide ထားတဲ့ ပုံကို တွေ့ရပါမည်..။ ပြီးပါပြီ။




မှတ်ချက်။ ။ မရှင်းလို့ မေးမယ်ဆိုရင် iamcleverlion@gmail.com မှာ ဆွေးနွေနိုင်ပါတယ်။


Saturday, June 5, 2010

Virtual Memory တွက်ချက်နည်း

ကျွန်တော်တို့ Memory လို့ ပြောလိုက်တာနဲ့ ကွန်ပျူတာအသုံးပြုတဲ့ သူတိုင်း သိပြီးသာပါ။ ဒါပေမဲ့ သေချာသိသင့်တယ် ထင်လို့ တင်ပြပေးလိုက်တာပါ။ ကျွန်တော်တို့ ကွန်ပျူတာမှာ အဓိက အားဖြင့် Memory နှစ်မျိုးနှစ်စားရှိပါတယ်။ System Memory နဲ့ Virtual Memory ဆိုပြီ ရှိပါတယ်။ System Memory က ကွန်ပျူတာရဲ့ဘယ်အပိုင်းကို လုပ်ဆောင်သလဲ။ ကွန်ပျူတာရဲ့ ဘယ်အပိုင်းကတော့ Virtual Memory လုပ်ဆောင်တယ် ဆိုတာ ကွဲကွဲ ပြားပြားနားလည်အောင် တင်ပြပေးလိုက်တာပါ။ ကျွန်တော် ညီ အောင်ကျော်ထွန်း ကိုယ်တိုင် အပင်ပန်းခံပြီး ရေးသားပေးထားတာ ဖြစ်ပါတယ်။ အတော်များများသော သူများကတော့ အခုလို နားလည်ဖို့ထက် အသုံးချနည်းများကိုသာ စိတ်ဝင်စားကျပါတယ်။

System Memory (တနည်းအားဖြင့် Physical Memory (or) Main Memory ကို ဆိုလိုခြင်းဖြစ်ပါတယ်။) ကတော့ တစ်နည်းအား ဖြင့်တော့ Application Data (အသုံးချ Software များကို ဆိုလိုခြင်းဖြစ်ပါတယ်။ ) တွေကို ဘယ်လို သိုးလှောင်မလဲ ၊ ဘယ်လို စီမံမလဲ ၊ ဘယ်လို နေရာချမလဲကို အသုံးပြုပေးတာ ဖြစ်ပါတယ်။ နောက် ကျွန်တော် တို့ Memory Sticks တစ်ခုကို မိမိ ကွန်ပျူတာမှာ တပ်ဆင်လိုက်တာနဲ့ မိမိရဲ့ System Memory က မိမိတပ်ဆင်ထားတာထပ် ပိုတိုးလာပါလိမ့်မယ်။ တနည်းအားဖြင့် ဒါကြောင့် System Memory ဆိုတာ အဓိကစက်ထဲမှာရှိနေတဲ့ Memory တင်မကပဲပြင်ကနေတပ်ဆင်လိုက်တဲ့ physical memory ( External HDD,Memory sticks) တွေလည်းပါဝင်တယ်လို့သိထားရပါမယ်



Virtual Memory ( Logical Memory ကို ဆိုလိုခြင်းဖြစ်ပါတယ်။) ကတော့ သူကတော့ Memory တော့ Memory ဘဲ။ ဒါပေမဲ့ OS (Operating System တနည်းအားဖြင့် Windows ပေါ့) ရဲ့ Controls အောက်မှာ အလုပ်လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ Virtual Memory ကတော့ HDD(Hard disk drive ) ရဲ့ အစိတ်အပိုင်းလေး တစ်ခု အတွက် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ နောက်ပြီး မိမိရဲ့ ကွန်ပျူတာမှာ လက်တလော အသုံးမပြုတဲ့ Application Software တွေ ရဲ့ Process တွေ Instructions တွေကို သိုလှောင်းပေးထားတဲ့ နေရာမှာ Virtual Memory က လုပ်ဆောင်ပါတယ်။ Virtual Memory က အခု လက်တလော အသုံးပြုနေတဲ့ Process တွေကို သူနဲ့ လုံးဝ ပါဝင်ပတ်သက်မှု့မရှိပါဘူ။ လက်တလော Process တွေအတွက် Virtual Memory က လုံးဝ မလိုအပ်ပါ။ လက်တလော အသုံးပြုနေတဲ့ process တွေက System Memory နဲ့သာ သက်ဆိုင်ပါတယ်။ တစ်ခုတော့ ရှိတယ် မလိုအပ်လို့ Virtual Memory မှာ သိမ်းထားတဲ့ process တွေ လိုလာခဲ့ရင်တော့ ဆွဲယူအသုံးပြုပါတယ်။ Virtual Memory တိုးမြင့်မယ်ဆိုရင်တော့ system configuration ကနေ၀င်ရောက်လုပ်ဆောင်နိုင်ပါတယ်။ ( Virtual Memory တိုးနည်းကို တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။)

Virtual Memory အလုပ်လုပ်ပုံ
Virtual Memory ကိုကတော်တို့ HDD ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် အသုံးပြူပါတယ်၊ ဘာအတွက်လဲဆိုရင် system က အခုလောလောဆယ် process လုပ်ဖို့မလိုသေးတဲ့ application data နဲ့ instruction တွေအတွက် ဖြစ်ပါတယ်။ Program တစ်ခုဟာ process လုပ်နေတဲ့ အချိန်အတွင်းမှာ system သည် HDD မှ main memory (system memory) ဆီကိုကူးယူလိုက်ပါတယ်။ ဒါကြောင့် system သည် ကူးယူထားတဲ့ resources ကို CPU အနေနဲ့လုပ်ဆောင်ပြီး တွက်ထုတ်ပါတယ်။ system memory ပြည့်သွားတာနဲ့ တပြိုင်နက်။ system သည် နောက်ထပ် တစ်စုံတစ်ရာ ထပ်လုပ်ဆောင်ရန်မလိုသေးသည့် data and instruction တွေကို Virtual Memory ဆီကို ရွေ့ထား လိုက်ပါတယ်။ ဒါကြောင့် system ဟာနောက်ထပ် application data နှင့် instruction တွေကို နောက်ထပ်လုပ်ဆောင်ဖို့အတွက် (system memory)Main memory ဆီကိုကူးယူလိုက်ပါတယ်။ Virtual Memory ထဲမှာရှိတဲ့ data and instruction တွေကို နောက်ထပ်တဖန်ထပ်လုပ်ဖို့ လိုလာတဲ့အခါမှာ system ဟာပထမဆုံး main memory ကိုနေရာလွတ်မလွတ် ကြည့်လိုက်ပါတယ်..တကယ်လို့နေရာလွတ်ရှိတယ်ဆိုရင် main memory ဆီကိုကူးယူလိုက်ပါတယ်..တကယ်လို့မကျန်တော့ဘူးဆိုရင်အချို့သော ထပ်လုပ်ဖို့မလိုတဲ့ data and instructionတွေကို Virtual Memory ဆီကို ကူးယူ လိုက်ပါတယ်… တစ်ခါထပ်ပြီး လုပ်ဆောင်ဖို့လိုအပ်တဲ့ data and instructionတွေကို Virtual Memoryကနေ main memory ဆီကို ကူးယူလိုက်ပါတယ်။
Virtual Memory အရမ်းနည်းနေခြင်း (သို့) အရမ်းများနေခြင်းဟာ သိပ်မကောင်းပါဘူး။ တကယ်လို့ အရမ်းနည်းနေ တယ်ဆိုရင် OS ဟာVirtual Memory အရမ်းနည်းနေကြောင်း error ပြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် system memory ရဲ့ တချို့သော အစိတ်အပိုင်းတွေဟာ OS Kernel (OS Kernel ဆိုတာ မိမိ ကွန်ပျူတာရဲ့ ဗဟိုအစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ သူက Computer Hardware တွေကို တိုက်ရိုက်ထိန်းချူပ်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်. အကျယ် ကိုယ်တိုင် ဆက်လေ့လာရန်) ကိုသိမ်းဆည်းဖို့အတွက် အသုံးပြူခြင်း ခံလိုက်ရလို့ဖြစ်ပါတယ်။ ဘာလို့အသုံးပြူရတာလဲဆိုတော့OS Kernel ကိုmain memory ထဲမှာ တစ်ချိန်လုံး ထိမ်းသိမ်းထားဖို့ လိုအပ်တဲ့ အတွက်ဖြစ်ပါတယ်။ ဒါကြောင့် System ဟာ ဆိုရင် လက်ရှိအသုံးပြူဖို့ မလိုအပ်သေးတဲ့ data and instruction တွေကို main memory ပြည့်သွားတဲ့အခါမှာ သိမ်းဆည်းထားဖို့ နေရာလွတ်တွေ လိုအပ်ပါတယ်။ Virtual Memory ကြီးလွန်းတာလည်း intensive application တွေကိုထောက်ပံ့ ပေးနေပါတယ်။ ဒါလည်းမကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ HDD ရဲ့ နေရာတွေကို မယူရင်တောင်မှ performance lagging တွေကိုဖြစ်စေလို့ပါ။ system ဟာဆိုရင် application data and instruction တွေကို Virtual Memory နဲ့ system memory တွေကြားမှာ အသွားအပြန် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Virtual Memory ရဲ့ size ကို ပုံမှန် စံအတိုင်း ရှိဖို့အတွက် တွက်ချက်ဖို့လိုအပ်ပါတယ်။

ဘယ်လိုတွက်ရမလဲဆိုတော့

256 MB of RAM (Main Memory) * 1.5 = 384 MB for Virtual Memory ဆိုတဲ့ပုံသေနည်းနဲ့တွက်ချက်သိရှိနိုင်ပါတယ်။

ဥပမာ .
မိမိ ကွန်ပျူတာမှာ Physical Memory က 512 MB ဆိုက်ထားတယ်ဆိုပါစို့။ အောက်ပါအတိုင်း တွက်လိုပါ..

512* 1.5= 786

Performance မှာ အောက်ပါအတိုင်းတွေ့ရပါမည်။

CODE
Initial Size (MB): 786
Maximum Size (MB) : 1500

Virtual Memory တိုးနည်းကို ပုံနှင့်တကွ ဒီနေရာမှာ အသေးစိတ်တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။

Thursday, February 25, 2010

Controlling command များစုစည်းမှု့

ကျွန်တော်တို့ ကွန်ပျူတာမှာ controlling အပိုင်းနဲ့ သက်ဆိုင်တဲ့ command တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ အခြား controlling command တွေလည် ကျန်ခဲ့နိုင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော် သိသလောက် မှတ်မိသလောက်ကို တင်ပြပေးလိုက်တာပါ။ ကျွန်တော်တို့ ဒီcommand တွေကတော့ မိမိလိုအပ်တဲ့ အပိုင်းတွေကို ပြုပြင် ပြောင်းလဲ လုပ်တဲ့နေရာမှာ မြန်မြန်ဆန်ဆန်နဲ့ ပြီးမြှောက်ဖို့အတွက် အလွယ်သွားနိုင်အောင် စုစည်းပေးလိုက်တာပါ။

  1. regedit - brings up the registry to edit
  2. diskmgmt.msc - Brings up disk management.. Handy to label hard drives etc
  3. compmgmt.msc - Opens computer management
  4. timedate.cpl - Shows the date and time dialog box
  5. control userpasswords - shows your Windows User accounts
  6. Control - Displays Control Panel
  7. Control mouse - Used to control mouse properties
  8. taskmgr - Opens task manager
  9. sysedit - System configuration utility
  10. control admintools - Administrative Tools which have Computer management, Services, and more
  11. control folders - Folders Properties
  12. devmgmt.msc - Device Manager
  13. mmsys.cpl - Sounds and Audio
  14. services.msc - Displays the services that are running on your computer.
  15. msconfig - displays the system configuration utility where you can edit your startup programs
  16. gpedit.msc - Brings up the Local Computer Policy

Tuesday, February 23, 2010

Network command များစုစည်းမှု့

ကျွန်တော်သူငယ်ချင်းတွေအတွက် Post အသစ်တွေ မတင်ပြပေးဖြစ်တာ အတော်ကြာနေပါပြီ။ အကြောင်းက ကျွန်တော် Network နဲ့ပတ်သက်တာတွေ လေ့လာနေလို့ဖြစ်ပါတယ်။ ကျွန်တော် တင်ပြပေးဖို့လဲ ရှိပါတယ်။ အခုတော့ Network နဲ့ပတ်သက်ပြီ အခြေခံ Command တွေကို တင်ပြပေးလိုက်ပါတယ်။ နောက်ပိုင်း Network နဲ့ပတ်သက်တဲ့ သဘောတရားတွေကို နည်းနည်းစီ တင်ပြပေးသွားမှာပါ။ Windows နဲ့ပတ်သက်တာတွေလည် ဆက်ရေးမှာပါ။ အခုတင်ပြပေးတဲ့ command တွေကိုလည် သိထားသင့်လို့ တင်ပြပေးလိုက်တာပါ။ Start >> Run >> cmd ထဲမှာ ရိုက်ရမှာဖြစ်ပါတယ်။ မြန်မာလို ထပ်ရှင်းစရာ မလိုဘူးလို့ထ င်ပါတယ်။ ဒီတိုင်းရှင်းလို့ဖြစ်ပါတယ်။

  • mstsc - Brings up a Remote Desktop connection box
  • ipconfig - Shows your computer ip configuration
  • ncpa.cpl - Network Connections
  • netsetup.cpl - Network Setup Wizard
  • Cfgwiz32 - ISDN Configuration Wizard
  • fsquirt - Bluetooth wizard
  • netsetup - Network setup wizard
  • rasphone - Dial up networking wizard
  • \\10.0.0.1 - It will display the shared files on another computer on your network (replace 10.0.0.1 with the IP address of the computer you want to access.)
  • \\mitz - It will display the shared files on another computer on your network (replace mitz with the name of the computer you want to access.)
  • fsmgmt.msc - Views your computers shared folders

Wednesday, February 17, 2010

အခြားတစ်နေရာမှ Shutdown ဘယ်လိုချလဲ

ကျွန်တော်တို့ Network သုံးတဲ့ ကွန်ပျူတာတွေမှာ Administrator ကနေ မိမိသုံးနေတဲ့ စက်ကို ဘယ်လို ပိတ်လဲဆိုတာ သိအောင် ဗဟုသုတ အလိုငှါ့ တင်ပြပေးလိုက်တာပါ။ ကျွန်တော်က Software နဲ့ လုပ်တဲ့နည်းကို တင်ပြချင်တာ မဟုတ်ပါဘူး။ Windows မှာပါပြီးသာ Tool ကိုဘဲ အသုံးချတဲ့နည်းကို သိစေချင်တဲ့ သိသင့်တဲ့ နည်းလေး တစ်ခုပါ။ ဒီ နည်းက အင်တာနက် ဆိုင်တွေနဲ့ Share Computer တွေ အများကြီး ချိတ်ဆက်ထားတဲ့ ကျောင်းတွေ ရုံးတွေမှာ ဖွင့်ထားတဲ့ ကွန်ပျူတာတွေကို တစ်လုံးပြီး တစ်လုံး လိုက်ပိတ်စရာမလိုဘဲ Network Administrator ကနေ ပိတ်ရုံပါဘဲ။ အရင်ကတော့ ကျွန်တော် Shard Computer တွေမှာ အခုလို Shutdown ချတာတို့ Restart လုပ်ခံရတာတို့ကို ကာကွယ်တဲ့နည်း တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အခုနည်းကတော့ Administrator ကနေ ဘယ်လို ပိတ်တယ်ဆိုတာ သိစေချင်တဲ့ ဆန္ဒနဲ့ တင်ပြပေးလိုက်တာပါ။ ပိတ်တဲ့နည်းကို သိချင်က ဒီနေရာမှာ သွားလေ့လာလိုက်ပါ.။ ကျွန်တော်အနေနဲ့ ဒီလို လုပ်လို့ရတဲ့ Tool လေးကိုဘဲ တင်ပြပေးလိုက်တာပါ။ အခြားကိုတော့ ကိုယ်တိုင်း သုံးကြည့်ပါ။ (မနှောက်ယှက်နဲ့နော် သူများတွေကို :D)

လုပ်နည်း
1. Start >> Run >> Shutdown -i လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။
2. အောက်ပါအတိုင်း Remote Shutdown Dialog ကျလာပါမည်။ Add ကိုနိုပ်ပြီ မိမိပိတ်မည့် စက်ရဲ့ IP Address ကို ရိုက်ထည့်လိုက်ပါ။ (စက်နံမည်ကို ၇ိုက်ထည့်လဲ ရပါတယ်။)



3. What Do you want these computers to do မှာ မိမိက ဘာလုပ်စေချင်တာလဲ။ Restart , လုပ်မှာဆို Restart ကို ရွှေးပေးလိုက်ပါ။ Shutdown လုပ်မယ်ဆိုရင်တော့ Shutdown ကို ရွှေးပေးလိုက်ပါ။ Option မှာ Application: Maintenance (Planned) ကိုရွှေးပေးလိုက်ပါ။ ကျန်တာတွေလဲ အသုံးပြုနိုင်ပါတယ်။ Comment မှာတော့ တစ်ခုခု ရေးပေးလိုက်ပါ။ ပြီးတာနဲ့ OK ပေးလိုက်ပါ။ ပြီးပါပြီ။


Sunday, February 14, 2010

စက်ပိတ်တာနဲ့Recent Filesကို Auto Clearလုပ်နည်း

မိမိ ကွန်ပျူတာမှာ Recent Documents တွေကို မိမိက စက်ပိတ်လိုက်တာနဲ့ Auto Clear ဖြစ်သွားအောင် ဘယ်လို လုပ်မလဲလို့ မေးလာတဲ့အတွက် တင်ပြပေးလိုက်တာပါ။ ကျွန်တော်တို့ မေးခွန်တွေကို တက်နိုင်သမျှ အားတာနဲ့ ချက်ချင် ပြန်ဖြေပေးပါတယ်။ ချက်ချင်းမဖြေနိုင်တဲ့ အခါမျိုးမှာ နားလည်းခွင့်လွတ်ပေးပါလို့ တောင်းဆိုအပ်ပါတယ်။ Recent Documents က ဘာလဲဆိုတာ မသိတဲ့ သူငယ်ချင်းတွေ အတွက် နည်းနည်း လေ၇ှည်ပေးမယ်။ ကျွန်တော်တို့ ကွန်ပျူတာကို ဖွင့်တဲ့ အချိန်ကနေ ပိတ်တဲ့ အချိန်ထိ မိမိ ဖွင့်တဲ့ Folder တွေ ပုံတွေ ဖိုင်တွေကို မှတ်ထားတဲ့နေရာဖြစ်ပါတယ်။ အများသုံးတဲ့ ကွန်ပျူတာတွေကို ကိုက သုံးခဲ့ရင် မိမိဖွင့်ခဲ့တဲ့ ဖော်ဒါတွေ ဖိုင်တွေ ပုံတွေကို တွေ့မြင့်နိုင်ပါတယ်။ ဒါကြောင့် အဲဒီလို ခြေရာခံလို့မရအောင် မပိတ်ခင်မှာ Run >> Recent လို့ရိုက်ထည့်ပြီး အဲဒီထဲမှာ ရှိတဲ့ ဖိုင်တွေကို Delete ပေးလိုက်လဲ ရပါတယ်။ ဒါပေမဲ့ အမြဲ အဲဒီလိုလုပ်ဖို့ မမှတ်မိနိုင်ဘူး။ ဒီထပ်ဆိုးတာ အဲ့ဒီ Recent Documents တွေကို မဖျတ်ဘဲ ထားတာကြာလာရင် စက် handing ဖြစ်လာသလို Virus တွေ ခိုအောင်းတဲ့နေရာလည် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် ရှင်းသင့်ပါတယ်။ ဒါကြောင့် မိမိလဲ ရှင်းရတာသက်သာအောင် မိမိ မေ့နေရင်တောင် စက်ပိတ်တာနဲ့ Auto ရှင်းသွားအောင် အောက်ပါအတိုင်းလုပ်ဆောင်လိုက်ပါ။

(မှတ်ချက်.....။ Windows XP မှာဘဲ လက်တွေ့သုံးနေပါတယ်။ ကျန်တဲ့ OS တွေ မလုပ်ကြည့်ရသေးပါ။)

1.Start >> Run >> Regedit လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။
2.HKEY_Current_User >> SOFTWARE >> Microsoft >> Windows >> CurrentVersion >> Policies >> Explorer စတဲ့ အတိုင်းရောက်အောင်သွားလိုက်ပါ.။ ရောက်တာနဲ့ ညာဘက်က နေရာလွတ်မှ New >> DWORD Value ကို click လိုက်ပါ.။ Rename ကို ClearRecentDocsOnExit လို့ ရိုက်ပြီး Name ပေးလိုက်ပါ.။




3.မိမိ တည်ဆောက်ခဲ့တဲ့ ClearRecentDocsOnExit ပေါ်မှာ Double click ဘဲ နိုပ်နိုပ် Right click ထောက်ပြီး Modify ကိုဘဲ click ရင်ဘဲ ဖြစ်ဖြစ် click လိုက်ပါ။ ပြီးတာနဲ့ Value data မှာ (1) လို့ရိုက်ပါ။ ပြီရင် OK ကိုနိုပ်လိုက်တာနဲ့ အဆင်ပြေပါပြီ။



4.အထပ်ပါ အဆင့် ၃ အထိကတော့ Recent Document ကို စက်ပိတ်လိုက်တာနဲ့ Auto Clear လုပ်တာဖြစ်ပါတယ်.။ Auto Clear မလုပ်ချင်ဘူးဆိုရင်တော့ Value Data ကို (၀) ပေးလိုက်ပါ။ restart ချလိုက်ပါ.။ ကျေးဇူးတင်ပါတယ်။

Monday, February 8, 2010

Quick Format နှင့် Regular Format ဘာကွာလဲ

ကျွန်တော်တို့ Windows တင်တဲ့ အခါမှာ အောက်ပါအတိုင်း Format အတွက် ရွှေးချယ်ရတဲ့ Quick နှင့် Regular ဆိုပြီး ရွေးချယ်ရတာလေးကို ရှင်းပြပေးမှာဖြစ်ပါတယ်။ Quick နှင့် တင်ရင် အကျိုးကျေးဇူးက ဘာလဲ Regular နဲ့ တင်ရင် အကျိုးကျေးဇူးက ဘာလဲဆိုတာ ကို သိပြီးတင်တာနဲ့ ဒီအတိုင်း တင်နေတာထပ်စားရင် အဓိပ္ပာယ်ပိုရှိပါတယ်။ ဒါကြောင့် အခုလို တင်ပြပေးလိုက်တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Windows တင်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တစ်ချို့ Windows တွေမှာ FAT File System မပါရှိတော့ပါဘူး NTFS File System ကိုဘဲ ပါပါတော့တယ်။နောက်ပြီး no Changes လဲ ပါမလာတာတွေ ရှိပါတယ်။ အဲဒါက အရေးမကြီးပါဘူး။ Quick Format နှင့် Regular Format ကို နားလည်ဖို့ဘဲ လိုပါတယ်။ NTFS နှင့် FAT အကြောင်း တင်ပြခဲ့ပြီးဖြစ်ပါတယ်။
  • Format the partition by using the NTFS file system (Quick)
  • Format the partition by using the FAT file system (Quick)
  • Format the partition by using the NTFS file system
  • Format the partition by using the FAT file system
  • Leave the current file system intact (no changes)
Quick Format

ကျွန်တော်တို့ Quick Format နဲ့ တင်တဲ့ အခါမှာ Windows တင်တဲ့ အပိုင်းက Disk ထဲက File တွေကို ဖယ်ရှား (Remove) ပေးပါတယ်။ ဒါပေမဲ့ Drive ရဲ့ bad Sectors တွေကို Scans မလုပ်ပေးပါဘူး။ တစ်နည်းအားဖြင့် Bad Sectors ရှိရဲ့သာနဲ့ bad Sectors ကို Scan မလုပ်ဘဲ ကောင်းတဲ့နေရာမှာဘဲ တင်သွားခဲ့မည်ဆိုလျင် Drive က မပျက်စီးဘူးလို့ ထင်ပြီး Quick Format ဘဲ ရွေးချယ်သင့်သလား။ ကိုယ်တိုင်း စဉ်းစားပါ။ ဒါကြောင့် Quick Format က Windows တင်တာ မြန်ပေးမဲ့ bad Sectors တွေကို Scan မလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် မိမိ Drive မှာ Bad Sectors ရှိရဲ့သာနဲ့ မစစ်ဆေးဘဲ Quick Format နဲ့ဘဲ တင်နေမယ်ဆိုရင် Hard Disk က ရေရှည်ခံနိုင်ရည် ရှိမရှိ စဉ်းစားသင့်ပါတယ်။ Disk Error ရှောင်းရှား နိုင်သလာ ကိုယ်တိုင်း စဉ်းစားပါ။

Regular Format

Regular Format လို့တော့ မပြပါဘူး။ Quick လို့ မပြတဲ့ အပိုင်းက Regular လို့ ခေါ်ပါတယ်။ Regular Format ကတော့ Files Permanently ကို ဖျက်ပေးရုံတင်မက bad Sectors တွေကိုပါ Scan လုပ်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် Quick Format ထပ်စားရင် Drive မှာ Disk Error တွေကို ရှောင်းရှားနိုင်ပါတယ်။ ဒါကြောင့် Regular နဲ့ Quick ဘယ်သူ ပိုကောင်းသလဲ ဆိုတာ ကိုယ်တိုင်းသာ ဆုံးဖြတ်ကျပါတော့။ ကျွန်တော်က အကျိုးကျေးဇူးကိုသာ တင်ပြပေးတာ ဖြစ်ပါတယ်။ ဒီ Post နဲ့ ပတ်သက်ပြီး အမှားအယွင်းရှိက သင်ကြား ပြသမှုကို ခံယူဖို့ အသင့်ပါ။

Monday, February 1, 2010

မိမိ မရှိတဲ့ အချိန် Computer ကို ဘယ်သူ သုံးလဲ

ကျွန်တော်ကို ကိုစောကြည်ဖြူ မေးလ်ပို့ပြီး မေးထားတာ အတော် ကြာပါပြီ။ ချက်ချင် မသိလို့ ချက်ချင် မဖြေပေးတာပါ။ ဒီနေ့တော့ ဖြေပေးလိုက်ပါတယ်။ ကျွန်တော်တို့ ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက Run ကနေ Recent လို့ ရိုက်ပြီ ဘာတွေ ဖွင့်လဲဆိုတာ ကြည့်မှာပေါ့လို့။ ဟုတ်ကဲ့ ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင် ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်ပါဘူး။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။

1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာ နေ့ရက် အချိန်နာရီတွေကို တွေ့နိုင်ပါတယ်။ (မှတ်ချက်။ ။ Windows 7 မှာ ရိုက်တဲ့ပုံဖြစ်ပါတယ်။ ) ကျန်တဲ့ Tool တွေကို ကိုယ်တိုင်းလေ့လာကြည့်ပါ.။ ကျွန်တော် Thinking လေးဘဲ ချပြတာပါ။ ဒီ command က ဒါတွေ လုပ်ဆောင်တယ်လို့ ပြောပြီသွားပါပြီး။ ဒီထပ် လေ့လာရမှာက စာဖတ်သူကိုယ်တိုင်းသာ ဖြစ်ပါတယ်။ :D


မှတ်ချက် ။။။။။ XP မှာ ပိုပြီး ရှင်းလင်း လွယ်ကူစွာ တွေ့မြင်နိုင်ပါတယ်။ အရမ်းကို ကောင်းပါတယ်။
(my computer ပေါ် Right click ထောက် Manage ကို click ပြီး Event Viewer ကို ဖွင့်ပြီးကြည့်လဲ အတူတူ ဖြစ်ပါတယ်)

NTLDR is missing ကို ဖြေရှင်းနည်း

NTLDR is missing Error ကို ကျွန်တော်ညီလေး တစ်ယောက်ရဲ့ စက်မှာဖြစ်ခဲ့တာဖြစ်ပါတယ်။ ဘယ်လို စဖြစ်တာလဲဆိုတော့ ကွန်ပျူတာကို စဖွင့်တာနဲ့ အောက်ပါအတိုင် "NTLDR is missing ,Ctrl +Alt +Del To restart" ဆိုပြီ ပြပါတော့တယ်။ ကွန်ပျူတာကို Restart ချတော့လည် ဒီအတိုင်းဖြစ်နေတယ်။ ဒါနဲ့ Computer ကို Repair ပြန်လုပ်မယ်ပေါ့။ ဖြစ်ချင်တော့ သူ့စက်မှာ DVD Drive မရှိဘူး။ ဒါနဲ့ ကျွန်တော် စက်မှာတင်ဖို့ Hard Disk ဖြုတ်ပြီး ပြန်ပြီ Windows တင်မလို့ လုပ်ခါရှိသေး။ Windows က ကျွန်တော် စက်မှာတော့ ပြန်တက်တယ်။ ဒါနဲ့ မထူးပါဘူး။ Windows တင်ပေးလိုက်ပါတယ်။ ဒါနဲ့ သူ့စက်မှာ ပြန်တပ်တော့ "NTLDR is missing ,Ctrl +Alt +Del To restart ဆိုပြီ တက်လာပြန်ရော။ ကျွန်တော်က Hard Disk ပျောက်တာ ဖြစ်တာဖြစ်တဲ့အတွက် copy x:\i386\ntldr c:\ နှင့် copy x:\i386\ntdetect.com c:\ နှစ်ဖိုင် ပျက်တာဖြစ်တဲ့ အတွက် Repair ပြန်လုပ်လိုက်တာနဲ့ အဆင်ပြေသွားမှာပါ.။ ဒါပေမဲ့ အခုက Repair လုပ်ပြီ ပြန်တင်လည် Hard Disk က ပျောက်မြဲ ပျောက်နေတယ်။ ဒီတော့ ခေါင်းစားသွားတယ်.။ ဒါနဲ့ Software က ဖြစ်တာ မဟုတ်တော့ Hardware တော့ ဖြစ်ပြီးပေါ့။ Hard Disk တော့ ပျက်ပြီးလို့လဲ ပြောလို့ မရ။ ဘာလို့လဲဆိုတော့ ကျွန်တော် စက်မှာ အလုပ်ကောင်းကောင်းလုပ်လို့ ဖြစ်ပါတယ်။ ဒါနဲ့ Hardware ကို ပြန်စစ်ကြည့်လိုက်ပါတယ်။ Memory Card ကို ဖြုတ်ပြီး (၃) မီနစ်လောက်ထားပြီ ပြန်တက်လိုက်တာ.။ အထပ်ပါ Error ပျောက်သွားပါတယ်။ ဒါကြောင့် အခုလို မျိုးကြုံခဲ့ရင် အောက်ပါအတိုင်းဖြေရှင်းလိုက်ပါ.။


  1. Windows ကို Repair ပြန်လုပ်လိုက်ပါ။ ( copy x:\i386\ntldr c:\ , copy x:\i386\ntdetect.com c:\ ( မှတ်ချက်။ ။ X နေရာ မိမိ Windows တင်တဲ့ အပိုင်းဖြစ်ပါတယ်။) Error ဖြစ်တာပါ.။ အဲဒီ နှစ်ဖိုင်ကို Copy ကူးပြီ ထည့်တာနဲ့ computer ကို Restart ချလိုက်တာနဲ့ ရပါပြီး။
  2. Repair လုပ်လို့ အဆင်မပြေက Memory Card ကို စစ်ဆေးကြည့်ပါ.။
  3. Hard Disk ကောင်းမကောင်း သိရအောင် အခြားစက်တစ်လုံးမှာ စမ်းကြည့်ပါ.။
  4. Hard Disk က မပျက်တာသေချာရင် Hard Disk သိအောင် လုပ်ရမှာ ဖြစ်တာကြောင့် တစ်ခုဖြုတ်လိုက် ပြန်တက်လိုက်. မကောင်းရင် ကျန်တာ ပြန်ဖြုတ် ပြန်တက်စတဲ့အတိုင်း Hard Disk မသိတာကို သိအောင် လုပ်ဆောင်လိုက်ပါ.။ (Hardware တွေကို တစ်ခုခြင်းဖြုတ်တပ် လုပ်ရမှာဖြစ်ပါတယ်။ အဓိကကတော့ Memory နဲ့ Battery ကိုသာ အရင်စမ်းပြီ လုပ်ကြည့်ပါ။ ကျွန်တော်ကတော့ Memory (RAM) ဖြုတ်ပြီပြန်တပ်တာနဲ့ အဆင်ပြေသွားပါတယ်။)

Thursday, January 28, 2010

BlueScreen Error ကို ဖြေရှင်းနည်း

ကျွန်တော် Windows မှာ လုပ်လို့ရတဲ့ နည်းတွေကို တက်နိုင်သမျှ တစ်နေ့ တစ်ခုနူန်းလောက်နဲ့ ရေးနေပါတယ်။ တစ်နေ့ကို ဘာလို့ တစ်ခုဘဲ ရေးနေတာလဲလို့ မေးစရာရှိပါတယ်။ အကြောင်းက တစ်နေ့နည်းနည်းချင် စာဖတ်သူကို ရိုက်ထည့်ချင်တဲ့ သဘောပါ။ မသိတဲ့ သူငယ်ချင်းကို ပြောတာပါ။ သိတဲ့သူကိုတော့ မပြောလိုပါဘူး။ အခုတင်ပြမှာကတော့ ကျွန်တော် သူငယ်ချင်းမှာ ဖြစ်ခဲ့တဲ့ ပြဿနာကို ပြန်လည် ဝေငှာမှာဖြစ်ပါတယ်။ ဘယ်လိုဖြစ်တာလဲဆိုတော့ အောက်မှာ ကျွန်တော် တင်ပြထားတဲ့ ပုံပါအတိုင်း ကွန်ပျူတာ သုံးနေရင်နဲ့ တက်လာပါတယ်။ ဒါပေးမဲ့ Computer ကို ခဏပိတ်ပြီး ပြန်ဖွင့်ရင်တော့ အကောင်းဘဲ။ နောက်တစ်ရက် နှစ်ရက်နေရင်လည် ဘာမှ မဖြစ်ပြန်ဘူး။ နောက်ပြန်ဖြစ်ပြန်ရော။ ဒါနဲ့ ဘာများဖြစ်တာလဲပေါ့။ BIOS Memory များ ဖြစ်သလားပေါ့။ ဒါဆိုရင်တော့ Motherboard တော့ လဲဖို့ နီလာပြီပေါ့။ Battery များ အားနည်းသလားပေါ့။ ဟိုစဉ်းစား ဟိုလုပ်ဒီလုပ်နဲ့ အဆင်မပြေဘူး။ ဒါနဲ့ ကွန်ပျူတာကို နားနားသုံးဖို့ အကြံပေးပြီး နေလိုက်ပါတယ်။ ဒါပေမဲ့ စိတ်က မရဘူး။ အဲဒါနဲ့ Google မှာ အပျင်းပြေ လမ်းလျောက်လိုက်တာ အဆင်ပြေမည့် နည်းလေး သွားတွေ့တယ်။ Blue Screen Error ကို ဖြေရှင်းဖို့ အတွက် အောက်က Software ကို လမ်းညွှန်တယ်။ ဒါနဲ့ စမ်းသပ်ကြည့်တယ်။ အခုတော့ အဆင်ပြေသလို ခံစားရတယ်။ ဒါကြောင့် ကျွန်တော်သူငယ်ချင်းလို ကျွန်တော် သူငယ်ချင်းများ ဖြစ်ခဲ့ရင် ကျွန်တော်လို ခေါင်းမစားရအောင် အလွယ်သုံးဆောင်နိုင်ဖို့ ဝေငှာပေးလိုက်ပါတယ်။



1. ကို Download အရင် ချလိုက်ပါ။
2.ပြီရင် Blue Screen Icon ပေါ်မှာ Right click ထောက်ပြီ Install ကိုနိုပ်လိုက်ပါ.။ ကျွန်တော်တို့ အထပ်မှာ ပြထားတဲ့ ပုံပါအတိုင်း ဖြစ်သွားပါမည်။ စိတ်မပှုပါနဲ့ ခဏ စောင့်ပါ။ Windows Logo တက်လိုက် အပေါ်က Error ပုံစံတက်လိုက် ဖြစ်နေပါမည်။ Keyboard က Key တစ်ခုခု နိုပ်လိုက်ပါ။ ပုံမှန်ပြန်ဖြစ်သွားပါမည်။
3.ပြီရင် Blue Screen Icon ပေါ်မှာ Right click ထောက်ပြီ Configure ကို click လိုက်ပါ။



4.ပြီရင် fake disk activity ကို အမှန်ခြစ်ပေးပြီး OK ပေးလိုက်ပါ။ ဒါဆို ပြီးသွားပါပြီ။ ကျွန်တော်သူငယ်ချင်းလို အထပ်ပါ Error မျိုး ကြုံခဲ့ရင် အလွယ်ဖြေရှင်းနိုင်အောင် ဝေငှာပေးခြင်းဖြစ်ပါတယ်။



 

Recent Post

Random Post