Thursday, August 13, 2009

Folder Hidden လုပ်နည်း

နည်းလမ်း-၂
အခြားသူမဖတ်စေချင်တဲ့ စာတွေ ဓါတ်ပုံတွေ ရှိတဲ့ folder ကို အခြားသူတွေ မမြင်မတွေ့ရအောင် အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်
ပထမ မိမိဖျောက်ချင်တဲ့ folder ကို Right click ပေးပြီ properties ကို open လိုက်ပါ။ အောက်ပါအတိုင်းကျလာတဲ့ box မှ Hidden ကို အမှန်ခြစ် ပေးလိုက်ပါ။ ပြီရင် box တစ်ခု တက်လာပါမည် ok ပေးလိုက်ပါ ။အထက်ပါအဆင့်တွေ ပြီရင်တော့ apply ဒါမှမဟုတ် ok ကို click လိုက်ပါ။ ဒါဆိုရင် မိမိ folder မရှိတော့ပါဘူး။ ပျောက်သွားပါပြီး။




ပြန်ပြီတော့ ဖွင့်ချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

1. ပထမ folder တစ်ခုခုကို ဖွင့်လိုက်ပါ။ အဲဒီ Folder မှ Tool ကို click လိုက်လျင် folder option ဆိုတာကိုတွေ့ရမှာပါ။ အဲဒါကို click လိုက်ပါ။ ပြီရင် အောက်ပါပုံအတိုင်း View မှ Show hidden files and folders ကို click လိုက်ပါ။ ဒါဆိုရင် မိမိဖျောက်လိုက်တဲ့ folder ဟာ မထင်မရှားလေး ပေါ်လာ ပါ မည်။ အဲဒီလို ပြန်ပေါ်လာတဲ့ folder ကို right click ထောက်လိုက်ပါ။ ပြီရင် ကျွန်တော်တို့ properties ကို click လိုက်ပါ။ ဖျောက်ချင်တုန်းက ပေးခဲ့တဲ့ Hidden လေးကို အမှန်ခြစ်ပြန်ဖြုတ်လိုက်ပါ။ပြီရင် apply သို့မဟုတ် ok ကို click လိုက်ပါ ဒါဆိုရင် မိမိဖျောက်ထားတာ ပြန်ပေါ်လာပါမည်။






No comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

 

Recent Post

Random Post