Saturday, December 12, 2009

Wordpress/Blog Title Spelling Check

ကျွန်တော်ကဘဲ သတိမထားမိလို့လာတော့ မသိဘူး Blog Title တွေ ရေးတဲ့ အခါမှာSpelling မစစ်ပေးတာကို သတိမထားမိလို့ မသိခဲ့ဘူး။ အမှားမပြတော့ မှန်နေတယ်ဘဲထင်တာပေါ့။ ဒါပေးမဲ့ ဒီနေ့တော့သိလိုက်ပြီဗျို့။ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့ Firefox မှာ spelling လုပ်တဲ့နည်းဖြစ်ပါတယ်။ ပုံမှန်အတိုင်း Spelling ကို စစ်ဆေးပေးပေမဲ့ Wordpress/Blog တို့ရဲ့ ခေါင်းစဉ်တွေ ရေးတဲ့အခါမှာ Spelling ကို မစစ်ဆေးပေးတာ Blogger တွေ သိကျပါတယ်။ (ကျွန်တော်က လွဲလို့ပေါ့ ။ ဒါက ကျွန်တော်လို မသိတဲ့ သူငယ်ချင်းတွေ အတွက် ပြင်နည်းလေးပါ) တစ်ခါတစ်လေ ကိုယ်က စာလုံးပေါင်း အမှားကြီး ခေါင်းစဉ်ကို ရေးမိတာကို (၄)(၅)ကြိမ် ၀င်ဖတ်နေတာတောင် မှားနေတာကို မသိပါဘူး။ ဒါကြောင့် ကြိုက်တဲ့နေရာမှာ ရေး Spelling ကိုစစ်ဆေးပေးအောင် (အောက်ကနေ စာလုံးပေါင်း မှားနေက အနီရောင်နဲ့ Underline တားပေးတာဖြစ်ပါတယ်။ သူ့ပေါ်ထောက်လိုက်ရင် အမှန်ကို ရွေးချယ်နိုင်ပါတယ်) Firefox မှာ ပြုပြင်လို့ရပါတယ်။

အဆင့်(၁)
1. မိမိ Firefox ကို ဖွင့်လိုက်ပါ။ Tools >> Options >> Advanced tab ကို click လိုက်ပါ။ ပြီရင် Browsing မှာ Check my spelling as I type ကို အမှန်ခြစ်ပေးထားမထားကြည့်လိုက်ပါ. ပေးထားက ပိတ်လိုက်ပါ. မပေးထားက အမှန်ခြစ်ပေးပြီ Apply ကိုနိုပ်ပြီ OK ကို click လိုက်ပါ။

အဆင့်(၂)
အထက်ပါအဆင့်ပြီးက အောက်ပါအတိုင်း ပြုလုပ်ပါ။
1. Address Bar မှာ about:config လို့ရိုက်ပြီ Enter ခေါက်လိုက်ပါ။
2. Search Box မှာ spellcheck ကိုနိုပ်ပြီ Enter ခေါက်လိုက်ပါ။ အောက်ပါအတိုင်းကျလာပါမည်။ layout.spellcheckDefault ပေါ်မှာ Right click ထောက်ပြီး Modify ကို click လိုက်ပါ။ Value က 1 ဆိုပြီ တွေ့ရပါမည်။ 2 လို့ရိုက်ပြီ OK ပေးလိုက်ပါ။ Firefox ကို Restart ပေးလိုက်ပါ။ (ဘယ်လို Restart ပေး လဲဆို ပိတ်ပြီ ပြန်ဖွင့် ) ကျေးဇူးတင်ပါတယ်။


No comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

 

Recent Post

Random Post