Wednesday, December 23, 2009

Site တွေမှာပါလာတဲ့ ကြော်ငြာတွေကို Block နည်း

ကျွန်တော် မအားတဲ့ ကြာက သူငယ်ချင်းတစ်ယောက်မေးလို့ တင်ပြပေးလိုက်တာပါ။ ပုံတွေတော့ မတင်ပြတော့ဘူး။ ကျွန်တော်တို့ ဆိုဒ်တွေ ဖွင့်တဲ့ အခါ ကြော်ငြာတွေ တက်တက်လာတာ လူတိုင်းကြုံရပါတယ်။ အဲဒီလို ကြုံတာ အတော် စိတ်အနောက်အယှက်ဖြစ်ပါတယ်။ တစ်ချို့ဆိုဒ်တွေမှာ ကြော်ငြာတွေ ရှုပ်နေတာဘဲ။ ဒါကြောင့် အဲ့ဒီ ကြော်ငြာတွေကို Block ပေးတဲ့နည်းဖြစ်ပါတယ်။ အခုတင်ပြတဲ့ Firefox Add-on ကို Install လုပ်လိုက်တာနဲ့ ကြော်ငြာတွေကိုပါတဲ့ဆိုဒ်တွေမှာ မပါလာတော့ပါဘူး။ တစ်ချို့ ကြော်ငြာတွေ ပါလာတဲ့ အခါမှာလည်း အဲဒီကြော်ငြာတွေပေါ်မှာ Right click ထောက်ပြီ Adblock Image ကို click လိုက်တာနဲ့ နောက် လုံးဝ တက်မလာတော့ပါဘူး။
1. ကျွန်တော်တို့ ဒီ Firefox add-On ကို Install လုပ်ပြီတာနဲ့ Firefox ကို Restart ချလိုက်ပါ။adacall
2.ပြီရင် Firefox ပြန်တက်လာတဲ့ အခါမှာ Subscribe လုပ်ဖို့အတွက် BOX တစ်ခုကျလာပါမည်။ ပုံမှန်အားဖြင့် အပေါ်ဆုံးက EasyList(USA) ကိုဘဲ ရွေးပြီ Subscribe ကို click လိုက်ရုံပါဘဲ။ ပြီရင်တော့ မိမိတို့ ဆိုဒ်တွေကို ဖွင့်ကြည့်လိုက်ပါ။ ကြော်ငြာတွေ ပါမလာတော့ပါဘူး။ ပါလာခဲ့ရင်လဲ Right click ထောက်ပြီ Adblock image လုပ်လိုက်ရုံပါဘဲ။ ကျွန်တော်တို့ မိမိတို့ ကြော်ငြာတွေ ပါတာကို လိုချင်တယ်ဆိုရင်လဲ Firefox ရဲ့ ညာဘက်ထိပ်မှာ ABP Icon တွေ အနီရောင်လေးနဲ့ ပြသထားပါတယ်။ အဲဒါလေးကို click ပြီ Enabled ကို အမှန်ခြစ်ဖြုတ်ပေးလိုက်ရုံပါဘဲ။ သူငယ်ချင်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။callmecallmecallme



No comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

 

Recent Post

Random Post