Saturday, November 14, 2009

Windows 7 Desktop Slideshow for XP

ကျွန်တော်တို့ Windows 7 မှာလို Windows XP မှာလဲ Desktop SlideShow လုပ်လို့ရတဲ့နည်းလေးကိုတင် ပြပေးလိုက်တာပါ။ ကျွန်တော်ကိုယ်တိုင်းကလဲ XP ကို နှစ်သက်တဲ့သူဖြစ်တာကြောင့် XP ကို အမြဲရေးလေ့ရှိပါတယ်။ အခုကျွန်တော် Windows 7 သုံးတော့လဲ windows XP အတွက် သုံးလို့ရမည့်နည်းလေးတွေကို ကျွန်တော် သူငယ်ချင်းများအတွက် ရှာကြံလို့ရသလောက် တင်ပြပေးနေပါမယ်။ အခုတင်ပြမှာကတော့ Windows 7 သုံးတဲ့ သူငယ်ချင်းတွေတော့ သဘောပေါက်မှာပါ. Windows 7 မှာ Desktop Background က Auto Desplay လုပ်နေတာသိကျမှာပါ။ ဒါကြောင့် XP မှာလဲ မိမိ ချစ်သူပုံတွေဘဲဖြစ်ဖြစ် မိမိနှစ်သက်တဲ့ မင်းသမီးပုံလေးတွေဘဲ ဖြစ်ဖြစ် သဘာဝရူ့ခင်းလေးတွေဘဲ ဖြစ်ဖြစ် ထည့်ထားတဲ့ Folder ကို ရွေးချယ်ထားလိုက်တာနဲ့ အဲဒီပုံတွေကို မိမိသတ်မှတ်ထားတဲ့ အချိန်ပြည့်တာနဲ့ ပုံတွေကို ပြောင်းနေမှာဖြစ်ပါတယ်။

Mediafire
MegaShare

အသုံးပြုနည်း

1.မိမိ Computer မှ Desktop ပေါ်မှာ Right click ထောက်ပြီ Properties ကို click လိုက်ပါ။ အောက်ပါအတိုင်း ကျလာတဲ့ Box မှ Borrow မှာက မိမိပုံတွေ(မိမိ Display) ရှိတဲ့ Folder ကို ရွေးချယ်လိုက်ပါ။Switch to a new picture every မှာ မိမိက ဘယ်အချိန်မှာ Display ဖြစ်စေချင်လဲဆိုတာကို သတ်မှတ်လို့ရပါတယ်။ ဘယ်နစ်မီနစ် ဘယ်နှစ်နာရီ ဘယ်အချိန်စသဖြင့် သတ်မှတ်ပြီတာနဲ့ Apply ကိုနိုပ်ပြီ Ok နိုပ်လိုက်ရင် Windows 7 လို့ Desktop SlideShow မိမိ XP မှာပြုလုပ်ပြီဖြစ်ပါတယ်။ ပြီးပါပြီ။




No comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

 

Recent Post

Random Post