Tuesday, November 10, 2009

Video 2 Webcam

ဒီဆော့ဝဲ လေးကတော့ အရင်တခေါက် တုန်းကတင်ပေးခဲ့သလိုပါပဲ မိမိရဲ့ ချစ်သူပုံကိုပဲဖြစ်ဖြစ်၊ သီ ချင်း ကိုပဲ ဖြစ်ဖြစ်ဝက်ကမ်ကနေပြီးတော့ ပြလို့ရတဲ့ဆော့ဝဲလေးဖြစ်ပါတယ်။ အရင်တခေါက်တုန်းက တင်ပေးခဲ့တဲ့ SplitCamCapture က သီချင်းတွေဖွင့်ပြလို့မရခဲ့ပါဘူး။အခုတင်ပေးလိုက်တဲ့ ဆော့ဝဲ လေး က တော့ ဓါတ်ပုံကိုလည်းပြလို့ရပါတယ် ။နောက်တစ်ခုက သီချင်းလည်းဖွင့်ပြလို့ရတဲ့ ဆော့ဝဲလေးဖြစ်ပါတယ်။ မိမိက မိမိရဲ့ ချစ်သူပုံနဲ့သီချင်းကိုUlead နဲ့ လုပ်ထားတာလေးကိုလည်း ဝက်ကမ်ကနေပြီးတော့ ပြလို့ရ တာ ပေါ့။ ကဲသူငယ်ချင်းတို့ရေ ပြောတာများသွားပြီနဲ့တူတယ် စမ်းပြီးလုပ်ကြည့်လိုက်ကြရအောင်။

Download

Mediafire



အသုံးပြုနည်း

၁။ဆော့ဝဲလေးကို ပုံမှန် Run နေကျအတိုင်း လုပ်ဆောင်သွားလိုက်ပါ။ ပြီးရင်အောက်မှာ ပြတဲ့ပုံစံအတိုင်း တွေ့ပါလိမ့်မယ်။ ပြီးရင် Try ကိုနှိပ်ပါ။


၂။ add folder ကနေပြီးတော့ သီချင်းပဲဖြစ်ဖြစ် ဓါတ်ပုံပဲဖြစ်ဖြစ် folder ယူပါ။


၃။ အောက်မှာပြတဲ့ပုံစံလေးကတော့ မိမိတို့ ပြတဲ့သီချင်းပဲဖြစ်ဖြစ် ၊ဓါတ်ပုံပဲဖြစ်ဖြစ် preview လုပ်လို့ရပါတယ်။


၎။ အရင်တစ်ခေါက်ကတင်ခဲ့တုန်းကလိုပါပဲ ဝက်ကမ်ကနေ ပြောင်းရမဲ့ဟာလေးလည်းရှိပါသေးတယ်။ setting ကနေ hardware setup ကနေ Video2webcam ကိုပြောင်းပေးပါ။ ပြီးရင် ok ပေးပါ။


အခုလိုအဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

1 comment:

  1. မျောက်ပိန်November 12, 2009 7:56 AM

    ကျေးဇူးပဲ ကိုကြီးမိုးရေ တင်ပေးထားလို့ ယူသွားပြီနော်

    ReplyDelete

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

 

Recent Post

Random Post