Friday, November 20, 2009

သတိရစေလို

ဒီနေ့ အဖေကိုသတိရတာနဲ့ ကျွန်တော် ဒီ Post လေးကို တင်ဖြစ်သွားတာပါ။ ကျွန်တော်ဆိုဒ်က နည်းပညာ ဦးစားပေးတာဖြစ်ပေးမဲ့ ကြုံကြိုက်တုံ ခံစားပေးပါအုံးနော် ။ တစက္ကန့်လောက် ခံစားပေးရင်ကျေနပ်ပါတယ်။



ကျေးဇူးကြီးလှတဲ့ ဖေဖေ

သားဒီကနေ့မှာ အဖေဟာ သားအတွက် ဖိုးသုညဖြစ်နေပေမဲ့ အတိတ်ကသား အတွက် တော့ အဖေဟာ ကုဋေကြွယ်သူဠေးကြီးပါကွာ................

သားအတွက်ဒီကနေ့ သာနေတဲ့ နေမင်းကြီးဟာ မင်းအတွက်အတောက်ပဆုံးဖြစ်နေပေမဲ့ အချိန်တန်လို့ မင်းနေ၀င်သွားတဲ့အခါ အဖေဟာ မင်းအတွက် လမင်းကြီးပါကွာ...................

ဒါပေမဲ့သားရယ် ဒီကနေ့ သားအတွက် သာနေ့တဲ့ နေမင်းကြီးဟာ မင်းတို့အဖေ (ငါ) မွေးတဲ့ အချိန်တုန်းက တောက်ပခဲ့တဲ့နေပါကွာ.................

သားအတွက်တော အဖေဟာ ကောင်းကင်းတခွင်ကု လင်းလက်စေတဲ့ သော်တာလမင်း ကြီးမဟုတ်တော့ပေမဲ့ အရပ်မျက်နှာကိုတော့ ညွှန်းပြပေးနိုင်တဲ့ ဓူဝံကြယ်တော့ ဖြစ်ပါ သေးတယ်ကွာ................

သား မင်းဟာ ပစ္စပ္ပုန်ကို ၇င်ဆိုင်ဖြတ်သန်းနေပေမဲ့ အဖေဟာ အတိတ်နဲ့ ပစ္စပ္ပုန်ပါ ဖြတ်သန်ခဲ့ ဖြတ်သန်းနေတဲ့ သူပါကွာ.........................

ဒီနေ့ဟာ သားအတွက် အဖေရဲ့ အတွေးအခေါ်တွေဟာ ဟောင်းနွမ်းဆွေးမြေ့နေပေမဲ့ အတိတ်မှာ သားအတွက်တော့ အဖေဟာ မင်းရဲ့ ပါမောက္ခပေါ့ကွာ.....................

သားဒီကနေ့ အဖေဟာ ရုပ်ပိုင်းဆိုင်ရာ(ဆံဖြူလို့သွားကျိုးအဘိုးအို ဖြစ်နေပေမဲ့ ) အိုမင်းရင့်ရော်နေပေမဲ့ စိတ်ပိုင်းဆိုင်ရာတော့ သားအတွက် အမြဲနုပျိုလျှက်ပါကွာ.................

သားအဖေဟာ ခေတ်အမြင် ခေတ်အတက်ပညာကိုသားအတွက်လမ်းညွှန်မှု မပြုနိုင်ပေမဲ့ အားတော့အပြည့်ပေးနိုင်ပါတယ်ကွာ...................

သားအတွက် အဖေဟာ ဒါရိုက်တာ မဟုတ်ပေမဲ့ အဖေအတွက်တော့ သားဟာ ထာဝရ မင်းသားလေးပါကွာ................

မိုးသောက်လုလင်(မိုးထက်မြင့်(ခ) ရာဇာ)



ဇရာအိုရဲ့ ရင်ဖွင့်သံများ

ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်ဘူး။ ငါ့ကို နားလည်ပေးပါ။စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ....

ချည့်နဲ့တဲ့လက်တွေနဲ့ ထမင်းဟင်တွေနဲ့ အင်္ကင်္ျီပေါ် ဖိတ်စင်သွားတဲ့အခါ (ဒါမှမဟုတ်) အင်္ကျင်္ီ လုံချည်တွေ ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့။ငယ်ငယ်တုန်းက ငါသုတ် ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ...

အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲကျေးဇူပြူပြီး နားထောင်းပေးပါ..။

ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ ငါးရာ့ငါးဆယ် နိပါတ်တော် တွေ ဇာတ်ကြီး (၁၀)ဘွဲ့စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့ တာတွေကို သတိရပေးပါ...

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုအပ်တဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့ ...။ငယ်ငယ်တုန်းက ချော့တစ်ခါ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးတွေကို သတိရပေးပါ....။

ခေတ်သစ်နည်းပညာရပ်တွေကို မသိနားမလည်ခဲ့ရင်လည်း ငါ့ကိုမလှောင်ပါနဲ့..။ ငယ်ငယ်တုန်းကဘာကြောင့်လဲဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာနဲ့ ငါပြန်ဖြေခဲ့ တာတွေကို သတိရပေးပါ....။

စိတ်သွားတိုင်ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးပါ။ လမ်းလျှောက်သင်စ ကလေးဘ၀တုနးက တစ်လှမ်းချင်း လမ်းလျှောက် သင်ပေးခဲ့တာတွေကို သတိရပေးပါ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းနည်းမနေပါနဲ့..။ နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ...။

ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေးနဲ့ လက်ခံမှာပါ..။ အဲဒီအပြုံးတွေထဲ မှာတော့ ငါ့ရဲ့ အဆုံးအဆမရှိတဲ့ မေတ္တာတွေကို တွေ့ရမှာပါ.....။
(ရေးသာသောကို မသိပါ သူငယ်ချင်းတစ်ယောက်ဆီမှတွေ့ရှိပြီး အတော်ကောင်းသော ကြောင့် မိတ်ဆွေများကို တင်ပြခြင်းဖြစ်ပါသည် ရေးသာသူနာမ်မည်သိကပြောပြ ပေးပါနော်..ရေးသာသူကိုယ်တိုင်ဖတ်မိကလည် ခွင့်မပန်မှုအတွက် ခွင့်လွှတ်ပါလို့...)




7 comments:

  1. မျှဝေပေးတာ ကျေးဇူးပါ။ တစ်ခါတစ်လေ ကျွန်မတို့ စိတ်မရှည်လို့ ပြန်ပြော မိတဲ့အခါ မိဘတွေက အမြဲပြောပါတယ်။ မင်းတို့ မိဘဖြစ်မှ သိမယ်တဲ့။ မိဘဖြစ်မှ ကိုယ်ချင်းစာတတ်မယ်တဲ့။

    မှတ်မှတ်ရရ မိဘကို ပြန်အော်မိတာ ၂ခါရှိသွားပြီ။ ၁၀တန်းအမှတ်စာရင်းထွက်တုန်းက တစ်ခါ။ အဲဒိတုန်းကလဲ လိုင်းကောင်းကောင်းရရဲ့ သားနဲ့ မတတ်ဘဲ မြန်မာစာမေဂျာယူခဲ့တာရယ်။ ခု ပြည်ပထွက်မယ်လို့ ဆုံးဖြတ်တုန်းက တစ်ခါ။
    ခုတော့ နောင်တတွေနဲ့ ဆုံးဖြတ်ထားတယ်။ ဘာဘဲဖြစ်ဖြစ် မိဘတွေအပေါ်မှာ အမြဲရိုသေပြီး စိတ်ရှည်တော့မယ်လို့ ။

    ReplyDelete
  2. ဇရာအိုရဲ့ ရင်ဖွင့်သံကို မနိုင်းနိုင်းစနေ ရေးထားတယ်။ ပြီးတော့
    လူမင်းနဲ့ ညွန့် ဝင်းဗွီဒီယိုခွေလဲထွက်ဘူးတယ်။

    ReplyDelete
  3. မိုးထက်မြင့်November 20, 2009 2:34 PM

    ကျေးဇူးတင်ပါတယ်။ ရေသားသူကို ဖော်ပြပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် မကျော်ပိုးအိတ်။လေးစာစွာဖြင့်

    ReplyDelete
  4. ဒီ Video Clip လေးကို လွန်ခဲ့တဲ့ တလလောက်က Facebook မှာ တယောက် Share ထားလို့ ကြည့်လိုက်ရတယ်...
    စိတ်ထဲမှာ ပြောမပြတတ်အောင် ထိခိုက်ရတယ်...။ ဒီတော့ နောက်တခေါက်ထပ်ကြည့်ဖို့ ဘယ်လိုမှ မတတ်နိုင်လို့ တစက္ကန့် တောင် ကြည့်မသွားတာ ခွင့်လွှတ်ပါ....
    လာလည်သွားတာ ကျေးဇူးတင်ပါတယ်...

    ReplyDelete
  5. ဗီဒီယိုကားလေးကို ကြည့်ဖူးပါတယ် ပညာပေးဇာတ်လမ်းတိုလေးပါ တိုတိုလေးဆိုပေမယ့် တကယ်ရင်ထဲကို ထိရောက်စေတယ် သားသမီးတွေဆိုတာ တစ်နေ့ကျရင်လည်း မိဘနေရာ ရောက်လာကြရမယ့် သူတွေချည်းပါပဲ အဲ့ဒီကျမှ မိဘတွေရဲ့ စိတ်ရင်း စေတနာမှန်ကို သိလာ၊ မြင်လာကြရမှာပါ အတတ်နိုင်ဆုံးကတော့ အခုကတည်းက မိဘတွေကို ကျေးဇူးဆပ်ခွင့်ရှိတုန်း ကိုယ်တတ်စွမ်းသလောက် ကျေးဇူးဆပ်ခွင့်ရနိုင်ရင်တော့ မိဘတွေအတွက် ပြောမပြနိုင်တဲ့ ပီတိတွေ ခံစားနေရမှာ သေချာပါတယ်ရှင်
    အခုလို မျှဝေပေးတာ ကျေးဇူးပဲ ကိုမိုးထက်မြင့်ရေ...

    ReplyDelete
  6. အစ်ကို ညီမ ၀င်ဖတ်ကြည်.တာနော် ညီမတို.အတွက် ဖေဖေ ကအေ၇းကြီးဆုံးပါဗျာ...........ကျေးဇူးမဆပ်နိုင်သေးခင်မှာကျေးမဆွပ်မိအောင်နေမယ်လို. ဆုံးဖြတ်ထားပါတယ်ဗျာ................

    ReplyDelete
  7. I miss my dad so much...Mum too...Dad! take care the best during we are away from each other...I love u so much...

    ReplyDelete

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

 

Recent Post

Random Post