Monday, October 19, 2009

Windows XP မှ USB ပေါက်အလုပ်မလုပ်ခြင်း

ကျွန်တော်စက်မှာ USB ပေါက်တွေ အလုပ်မလုပ်တာကျွန်တော်အတော် ဒုက္ခရောက်သွားတယ်။ Flash Drive တွေ ထိုတာ ဘယ်အပေါက်မှ အလုပ်မလုပ်ဘူးဖြစ်နေတယ် ဒါနဲ့ ကြိုတွေများလွတ်သလားပေါ့ ဟိုလုပ်ဒီလုပ်ပေါ၊ ဒါပေးမဲ့ အဆင်မပြေပါဘူး။ ဒါက ကျွန်တော်ရဲ့ တုံးအမူလေးတွေပါ။ အမှန်က Drive manager မှာ ၀င်ကြည့်လိုက်ရင် အဖြေက ထွက်နေပြီ ဒါပေးမဲ့ ကျွန်တော်မသိခဲ့ပါဘူး။ ကျွန်တော်သူငယ်ချင်း အာကာ က Drive Manager မှာ ၀င်လုပ်လိုက်လို့ပြောပြီ သူကိုယ်တိုင်းဘဲ ၀င်လုပ်လိုက်တာ ချက်ချင်ဘဲဗျာ USB တွေ Error တက်နေတာ သွားတွေ့ရတယ်။ ဒါနဲ့ Update လုပ်လိုက်တာ အကုန် အလုပ်လုပ်သွားတယ်။ ကျွန်တော်လို ဖြစ်စဉ်မျိုးကြုံခဲ့ရင် ကျွန်တော်လိုမျိုး မတုံရအောင် တင်ပြပေးလိုက်တာပါ။
အခုတင်ပြသွားမှာက USB အလုပ်မလုပ်တာကို update ပေးတဲ့အဆင့်ဖြစ်ပါတယ် ။ USB မှမဟုတ်ပါဘူး ကျန်တဲ့ drive ကိုလည်း update ပေးလို့ရပါတယ်ခင်ဗျာ ။

1. My computer ကို R-click ကိုထောက်ပါ။ ပြီးရင် manage ကိုသွားပါ။ အဲဒီမှ Device manager ကနေပြီးတော့ universal serial bus controllers ကို double- click နှိပ်ပါ။ အဲဒီမှ မိမိလိုချင်တာကို R-click ထောက်ပါ။ ပြီးရင် update driver ကိုနှိပ်ပါ ။ ပြီးရင် next ပေးသွားပါခင်ဗျာ.။ နောက်ဆုံး finish ပေးပါ။( ကျွန်တော်တင်ပြပေးတဲ့ ပုံက Error တော့ မပြတော့ပါဘူး။ ကျွန်တော်က လုပ်ပြီမှ တင်ပြဖြစ်လို့ပါ)





No comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

 

Recent Post

Random Post