Saturday, October 24, 2009

FAT file System ကိုDisable ပေးနည်း

ကျွန်တော် NTFS Files System နှင့် FAT files System ဘာကွာလဲဆိုတာနဲ့ FAT files System ကို Disable ပေးနည်းကို တင်ပြပေးချင်ပါတယ်။ ကျွန်တော်တို့ Windows တင်တဲ့အခါတိုင်း ဒီ System နှစ်ခုကို တွေ့ဖူးကျမှာပါ။ ဘာကြောင့် NTFS file System ကို ရွေးချယ်ကြသလဲဆိုတာ သိစေချင်လို့ပါ။ မသိလည် ဘာမှ မဖြစ်ပါဘူး။ ဒါပေးမဲ့သိစေချင်လို့ပါ။ကျွန်တော်တို့ Windows XP နှင့် Windows Vista ကို အသုံးပြုထားမယ်ဆိုရင် NTFS file System ကို သုံးရတာ ကြိုက်နှစ်သက်ကျမှာပါ။ NTFS system က ဘာတွေ ကောင်းလဲလို့ မေးစရာရှိတယ်။ ဘာတွေ ကောင်းလဲဆိုရင် FAT files System ထပ် NTFS files System ကို Security ကောင်းတယ်။ ပြီတော့ အထူးသဖြင့် ကြီးမားတဲ့ Hard Disk တွေအတွက် Storage Space လုံလုံလောက်လောက်ရှိတယ်။ Windows XP နှင့် Vista ပေါ်မှာ FAT 16 Data ကို Disk ပေါ်မှာ တည်ဆောက်ပြီသာ ဖန်းတီးပြီသာ ဖြစ်ပါတယ်။ အဲဒီမှာ file extension rule အတွက် 3 characters နှင့် Filenames အတွက် 8 characters ကို တည်ဆောက်ထားပါတယ်။( အဲဒီ အဓိပ္ပာယ်တွေကို ကျွန်တော် သေချာလေ့လာပြီရင် သီးခြားတင်ပြပေးပါမည်.) ဒါကြောင့် ဒီ Data တွေက မလိုအပ်ပါဘူး။ ဒီ Data တွေကဘဲ မလိုအပ်ဘဲ နေရာယူပါတယ်။ဒါကြောင့် Disable ပေးထားလိုက်ရင် ပို အဆင်ပြေပါတယ်။ အဲဒီလို လုပ်ထားရင် Windows XP ကိုမြန်စေပါတယ်။ ဒါကြောင့် စမ်းကြည့်မယ် အသုံးပြုကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်းလုပ်ဆောင်လိုက်ပါ။

1. Start >> Run ( Win Key + R) >> Regedit >> OK ကိုနိုပ်လိုက်ပါ။
2. HKEY_LOCAL_MACHINE >> SYSTEM >>CurrentControlSet>>Control>>
FileSystem ကို click လိုက်ပါ။ ညာဘက်မှာ ကျလာတဲ့ Name တွေထဲက NtfsDisable8dot3NameCreation ပေါ်မှာ Double click ပေးလိုက်ပါ။ ပြီရင် Modify ကို click လိုက်ပါ။ ပြီရင် value data မှာ (0) ကိုတွေ့ရမှာဖြစ်ပါတယ်။ (1) လို့ ရေးလိုက်ပါ။ ပြီရင်တော့ OK ပေါ့။ အဲဒါကို လုပ်ပြီတာနဲ့ မိမိတို့ Disk Speed တွေ တိုးလာပါလိမ်မည်။ ကဲ စမ်းကြည့်လိုက်ပါ။




No comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

 

Recent Post

Random Post