Monday, October 26, 2009

Enabled/Disabled Registery Editor ပြုလုပ်နည်း

မောင် Says :
October 17, 2009 8:16 AM
အကိုရေ ကျွန်တော်အကူညီ တောင်းချင်တာပါ... လူငယ်ဆိုတော့လဲ လုပ်ကြည့်ချင် တာပေါ့.. ကျွန်တော်က လွှဲပြီကျန်တဲ့ သူတွေ regedit ကိုကြည့်လို့ မရအောင် .. ပြီးတော့ ဝင်ရမရေအောင် လေ ဘယ်လိုလုပ် ရမလဲ ခင်များ ..ပြောပြပါနော်..
အထပ်ပါအတိုင်း ကိုမောင် ( ခေါ်ရတာကလဲ ဘယ်လိုကြီးလဲ မသိဘူးဗျာ)က မေးလာလို့ ကျွန်တော် တင်ပြပေးလိုက်တာပါ။ ကျွန်တော်လဲ သူမေးတုန်းက သတိမထားမိလိုက်ဘူး။ ဒါနဲ့ ဒီနေ့ comments တွေကို ပြန်ကြည့်ရင် ကျွန်တော် တင်ပြပေးလိုက်တာပါ။
ကျွန်တော်တို့ မိမိတို့ စက်မှာ လာသုံးတဲ့ သူငယ်ချင်းတွေကို Registry မှာ ၀င်ရောက်လုပ်ဆောင်တာကို တားမြစ်ချင်တဲ့ သူငယ်ချင်းများကို တင်ပြပေးလိုက်တာပါ။ နောက်ပြီ တားမြစ်ထားတဲ့ Registry Editor ကို ဘယ်လို ၀င်လို့ရအောင်လုပ်လို့ ရတယ်ဆိုတာကိုပါ ကျွန်တော်တင်ပြပေးပါမည်။ အထူးသဖြင့် မြန်မာပြည်က နက်ဆိုင်တွေမှာ ပိတ်ထားတာတွေကို တွေ့ရမှာပါ။ အဲဒီလို ကြုံခဲ့ရင် Registry ကို ၀င်လို့ ရအောင်ပေါ့။အောက်ပါအတိုင်းလုပ်ဆောင်လိုက်ပါ။လုပ်နည်းတွေတော့ အများကြီး ယ္ခုတော့ ဒီနည်းကိုဘဲ အသုံးပြုလိုက်ပါ။နောက်လည် ကြုံရင် ကြုံသလိုတင် ပြပေးပါမည်။

လုပ်နည်း

1. Start >> Run >> gpedit.msc ကိုရိုက်ပြီ Enter (or) OK ကို နိုပ်လိုက်ပါ။
2.User Configuration ကို click လိုက်ပါ။ Administrative Templates ကို click လိုက်ပါ။ System ကိုထပ် click လိုက်ပါ။ (User Configuration >> Administrative Templates >> System )
3.Prevent Access to Registry Editing Tools ဆိုတဲ့ စာကြောင်းကို ရှာလိုက်ပါ။ ပြီရင် Double click ပေးလိုက်ပါ။ အောက်ပါအတိုင်း Box ကျလာပါမည်။ Enabled ကို အမှန်ခြစ်ပေးလိုက်ပါ။ပြီရင် Apply ကို နိုပ် OK ကို click လိုက်ပါ။



4.အထပ်ပါအတိုင်းလုပ်ပြီသာနဲ့ Start >> Run >> Regedit လို ရိုက်ကြည့်လိုက်ပါ။ အောက်ပါအတိုင်းကျလာပါမည်။



5. ပြန်ဖွင့်ချင်ရင်လဲ Disabled (or) Not Configured ကို click ပြီ Apply ကိုနိုပ် Ok ကို နိုပ်လိုက်တော့ ပြန်ဖွင့်လို့ရပြီပေါ့ဗျ။

No comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

 

Recent Post

Random Post