Friday, October 23, 2009

Auslogics Disk Defragmenter Software

Auslogics Disk Defragmenter ဆော့ဝဲလေးကတော့ မိမိတို့ ကွန်ပျူတာမှာပါတေးရှင်းခွဲထားတဲ့diskထဲမှာရှိတဲ့ဖိုင်တွေကို ပြန်စီပေးတာပါခင်ဗျာ။ ဖိုင်စီတာကတော့ တစ်ပတ်ကိုတစ်ခါ လောက်တော့ ပြန်စီပေးတော့ မိမိစက်ဟာ ပေါ့ပေါ့ပါးပါးလည်း ရှိပါတယ်ခင်ဗျာ။အခုဆော့ဝဲလိုပါပဲ ကွန်ပျူတာတိုင်းမှာ လည်းဖိုင်တွေ ကိုပြန်စီပေး လို့ရတဲ့ Toolက ပါပြီသာပါ။ ဒါပေမဲ့ စာဖတ်သူတို့ သုံးဖူးတယ်ရှိအောင်လို့ ကျွန်တော်တင်ပေးလိုက်တာပါ။ အခုဆော့ဝဲလေး ကတော့ပေါ့ပေါ့ပါးပါး လည်းရှိပါတယ်။ အသုံးပြု နည်းလည်းလွယ်လွယ်လေးပါပဲ ကဲစာဖတ်ပရိသတ်တို့စမ်းသုံးကြည့် လိုက်ကြပါသုံးဖူး တယ်ရှိအောင်လို့ပါ။ ကောင်းတာကတော့ ကွန်ပျူတာမှာပါပြီသာDefragmenter က Drive တစ်ခုပြီမှ တစ်ခုကို စစ်ဆေး နိုင်ပါတယ်။ တစ်ခုပြီတာနဲ့ ကိုယ်က နောက်တစ်ခုစစ်ဖို့အတွက် ပြန် click ပေးရပါတယ်။ ဒီ Software ရဲ့ ထူးခြားချက် ကတော့ အားလုံးကို တခါတည် လုပ်ဆောင်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာက Toolထပ် လုပ်ဆောင်မှုကောင်း ပါတယ်။ သုံးရတာလဲ ပေါ့ပါးပါတယ်။( ကွန်ပျူတာက Tool ကိုကျွန်တော်သူငယ်ချင်းများ သိတဲ့သူများပေးမဲ့ မသိတဲ့ သူငယ်ချင်း များအတွက် အကြောင်းအရာနဲ့ပတ်သတ်လို့ ပြည့်စုံနိုင်သလောက်ပြည့်စုံအောင် ကျွန်တော် သီးခြားတင်ပြပေးလိုက်ပါတယ်။ ကိုရဲကို ကျေးဇူးတင်ပါတယ်။)

ဒီမှာ Drown ပါ။

အသုံးပြုနည်း

1.ဆော့ဝဲလေးကို အရင် ဆော့ဝဲတွေလိုပဲ ပုံမှန်အတိုင်း run လိုက်ပါခင်ဗျာ။ run ပြီးသွားတဲ့အခါကျရင် အောက်မှာပြထားတဲ့ ပုံစံအတိုင်း ကျလာပါလိမ့်မယ်ခင်ဗျာ။ အဲဒီမှာ မိမိ ဖိုင်စီချင်တဲ့ ပါတေးရှင်းကို အမှန်ခြစ်ပေးပါ။ပြီးရင် Defrag ကိုနှိပ်ပါခင်ဗျာ။



အဲဒါဆို သူဘာသာ ဖိုင်တွေကိုစပြီးတော့ စီပါပြီခင်ဗျာ။ ဒီဆော့ဝဲလေးအားသာချက်ကတော့ ကွန်ပျူတာမှာဆိုရင် ပါတေးရှင်း တခုကိုပဲ ဖိုင်စီလို့ရပါတယ်ခင်ဗျာ ။ ဒီဆော့ဝဲလေးကတော ပါတေးရှင်းအကုန် လုံးကိုဖိုင်စီလို့ရပါတယ်။ နောက်ထပ်ပြောချင်တာ လေးကတော့ စာဖတ်ပရိသတ်တော်တော်များများ သိပြီးသားပဲဖြစ်မှာပါ။ အပေါ်မှာရေးခဲ့တုန်းက အခုဆော့ဝဲလေးလိုပဲ ကွန်ပျူတာတိုင်းမှာ ဖိုင်တွေကိုပြန်စီလို့ ရတယ်ဆိုတာလေးကိုပြောပြပါ့ မယ် ။မသိသေးတဲ့သူတွေလည်း သိသွားအောင်လို့ပါ။

အသုံးပြုနည်း
2. My computer ကို R-click ထောက်ပါ ။ manage ကနေပြီးတော့ Disk Defragmenter ကို click ပါ ။
ပြီးရင် မိမိ ဖိုင်စီချင်တဲ့ဟာကို click ပါ။ ပြီးရင် defragment ကိုနှိပ်ပါ။ ( Start >> All Program >> Accessories >> System Tools >> Disk Defragmenter ကို click လိုက်ပါ။ နောက်ဝင်လို့ရတာနေရာတွေ အတော် များပါတယ်။ တင်ပြချင်တာလေ သဘောပေါက်ရင် တော်ပါပြီ. ဘယ်လိုနေရာတွေက ၀င်လို့ရတယ်ဆိုတာ သူငယ်ချင်းများ သိပြီသာဖြစ်မှာပါ.)




No comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

 

Recent Post

Random Post