Friday, August 14, 2009

JetAudio Player နဲ့ convert လုပ်နည်း

ကျွန်တော်တို့ မိမိတို့ video တွေ သီချင်းတွေကို mp3 ပြောင်းတာတို့ file type ပြောင်းတာတို့လုပ်တဲ့အခါမှာ convert software မရှိတဲ့ သူငယ်ချင်းများကို အလွယ်တကူ မိမိတို့ စက်မှာ ရှိနေတဲ့ JetAudio player 0.7 နဲ့ဘဲ လုပ်လို့ရပါတယ်။ မိမိတို့ Blog မှာ video တွေကို upload တင်ချင်တဲ့အခါ ကိုယ်ကလဲ free upload ဆိုဒ်ဘဲ သုံးတဲ့အခါ MB က အရမ်း ကြီးနေရင်လည် ပိုင်းလို့ရပါတယ်။ ဒါကြောင့် ကျွန်တော်တင်ပြလိုက်တာပါ။
1. http://www.mediafire.com/download.php?jomtilqhkye ဒီမှာ player မရှိတဲ့သူငယ်ချင်းများ အတွက် down လိုက်ပါ။ ပြီရင် Run လိုက်ပါ။
2. မိမိတို့ player တွေရဲ့ skin ကတော့ မတူနိုင်ပါဘူး ။ ဘယ်လို Body skin ကို ပြောင်းထားပြောင်းထားပါ။ လုပ်လို့ရပါတယ်။ စလိုက်ရအောင်။
3. အောက်မှာ တွေ့ရတဲ့အတိုင်း convert ကို click လိုက်ပါ။ convert Audio နဲ့ convert Video ဆိုပြီ နှစ်ခုရှိပါတယ်။ မိမိတို့ Audio ပြောင်းချင်တယ်ဆိုရင်လည် ပြောင်းလို့ရပါတယ်။ ကျွန်တော်ကတော့ video တွေ ဖျက်တာ file type ပြောင်းတာကိုဘဲ တင်ပြမှာဖြစ်ပါတယ်။ ကျွန်တော်က video ကို ပြောင်းမှာဆိုတော့ convert video ကို ရွေးလိုက်ပါတယ်။



4. အောက်ပါအတိုင်း Box တစ်ခုထပ်ကြလာပါမည်။ Add Files ဆိုတာကို click လိုက်ပါ။




5. အောက်ပါအတိုင်းကြလာတဲ့ Box မှာ မိမိပြောင်းချင်တဲ့ ပိုင်းချင်တဲ့ video တစ်ခုကို ရွေးလိုက်ပါ ပြီရင် open ကို click လိုက်ပါ။



6. အောက်ပါအတိုင်း Box မှာ ကိုယ်ရွေးလိုက်တဲ့ vido ရောက်သွားပါပြီ။ source option ကို click လိုက်ပါ။



7. ဒီအဆင့်ကတော့ ကျွန်တော်တို့ video တွေကို ဖျက်ချင်တဲ့ သူငယ်ချင်းများအတွက်ဖြစ်ပါတယ်။ အောက်ပါအတိုင်း ထပ်ကျလာပါမည်။ Range ဆိုတာကို click လိုက်ပါ။ ပြီရင် Convert in the following range ဆိုတဲ့နေရာမှာ အမှန်ခြစ်ခြစ်လိုက်ပါ။ ပြီရင် ကျွန်တော်တို့ မိမိတို့ လိုချင်နေရာတွေကို အပိုင်းလေးတွေနဲ့ ဖျက်ယူလို့ရပါတယ်။ ပြီရင် ok ကို click လိုက်ပါ။



8. အောက်က output setting ဆိုတာကို click လိုက်ပါ။



9. အောက်ကအတိုင်း ကျွန်တော်တို့ကျလာတဲ့ box မှာ မိမိတို့ပြောင်းချင်တဲ့ file အမျိုးအစားကို file format ထဲမှာ ရွေးလိုက်ပါ။ ပြီရင် ok ကို click လိုက်ပါ။



10. ပြီရင် အောက်ကအတိုင်းကျလာတဲ့Box မှာ Start ကို click လိုက်ပါ။



11. အောက်ပါအတိုင်းစတင် အလုပ်လုပ်နေပါပြီခင်ဗျာ။ ပြီသွားရင် done ဆိုတာကို clickလိုက်ပါ. ပြီပါပြီခင်ဗျာ။






1 comment:

  1. ကျေးဇူးတင်ပါတယ်။ ဒေါင်းသွားပြီ

    ReplyDelete

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

 

Recent Post

Random Post