Wednesday, August 19, 2009

Firefox မှာ Bookmarks ကို အသုံးချနည်း

ကျွန်တော် အခု တင်ပြမှာကတော့ ကျွန်တော်တို့ Firefox Browser မှာ မိမိတို့ သုံးနေကျ site တွေကို Bookmark လုပ်ပြီ မှတ်သားလို့ ရတဲ့နည်းဖြစ်ပါတယ်. သိတဲ့လူလဲသိပါတယ် မသိတဲ့ သူငယ်ချင်းများအတွက် ကျွန်တော်တင်ပြတာဖြစ်ပါတယ်။ (Internet Explorer မှာ မှတ်နည်းကို သီးခြား တင်ပြပါမည်)
လုပ်နည်း
Firefox Browser
1. မိမိတို့ Firefox browser မှ Bookmarks ကို click လိုက်ပါ။ ကျလာတဲ့ Box မှ Bookmarks This Page (Ctrl+D) ကို click လိုက်ပါ။ အောက်က ပုံကိုကြည့်ပါ။



2. Bookmarks This Page ကို click လိုက်ရင် အောက်ပါအတိုင်း Box တစ်ခုထပ်ကျလာပါမည်။ မိမိတို့က Site တွေကို ကျွန်တော်တို့အစီအစဉ်တကျ မှတ်တဲ့နည်းကိုဘဲ တင်ပြမှာဖြစ်ပါတယ်။ ဒီအတိုင်း Done ကို click လိုက်ရင် လည် ရပေးမဲ့ စနစ်မကျပါဘူး။ ကျွန်တော်က ဘယ်လိုလုပ်မှ စနစ်ကျမှာလဲလို့ မေးစရာရှိပါတယ်။ ဟုတ်ပါတယ် ။ ကျွန်တော်က သီချင်းဆို သီချင်းအတွက် Folder တစ်ခု နည်းပညာအတွက် ဆိုဒ်ဆို နည်းပညာအတွက် Folder တစ်ခု စတဲစတဲ့ အတိုင်း Folder လေးကို Rename ပေးပြီ မှတ်လိုက်တော့ ကိုယ်က သီချင်းဖွင့်ပြီ နားထောင်တာတို့ Download ချတာတို့ လုပ်တဲ့အခါ အလွယ်တကူး သီချင်း Link တွေ ရှိတဲ့ Bookmarks ထဲက သီချင်း Folder ကို click လိုက်ရင် သီချင်းတွေဘဲရှိတဲ့ Site ကို ဘဲ တွေ့မြင်ရမှာပါ။ တစ်ခုချင်ဆီကို click ပြီ ကိုဖွင့်ချင်တဲ့ site ကို ဖွင့်ပေါ့ အကုန်လုံးကိုတစ်ခါတည် ဖွင့်ချင်ရင်လဲ Open All in tabs ကို ဖွင့်လိုက်ရင် ဆိုဒ် အားလုံး ပွင့်သွားမှာပါ။ ရှင်းပြနေတာနဲ့ အတော် လေကြောရှည်သွားပြီ။



3. ကျွန်တော်အပေါ်က ပုံမှာ ၀ိုင်းထားတဲ့ Folder အကွက်ရဲ့ ညာဘက်က Drown Arrow Key လေကို click လိုက်ရင် အောက်ပါအတိုင်း Box တစ်ခု ကျလာပါမည်. Folder ကို click လိုက်ရင် ကိုယ်မှတ်ချင်တဲ့ Rename ပေးဖို့ အပြာရောင် Hightlight ပြနေပါမည်။ ကိုမှတ်ချင်တဲ့ Rename ပေးပြီ Done ကို click လိုက်ပါ။ အဲဒီလိုဘဲ မိမိတို့ Site အမျိုးအစားတွေအလိုက် rename ပေးပြီ မှတ်သားထားနိုင်ပါတယ်။ နောက်အမျိုးအစားတူတဲ့ ဆိုဒ်တွေကို ထည့်မယ်ဆိုရင်လဲ မိမိတို့ မှတ်ထားတဲ့ Folder ကို select ပေးပြီ Done ကို click လိုက်ရင် အဆင်ပြေပါတယ်။



4. ကျွန်တော်မှတ်ထားတဲ့ ပုံစံကိုကြည့်လိုက်ပါ။ မြင်သာအောင်လို့ပါ။



1 comment:

  1. ကျေးဇူးတင်လိုက်တာဗျာ....သိချင်နေတာကြာပီ
    နောင်ဒိထက်ပိုပီးသင်ကြားပေးနိုင်ပါစေ

    ReplyDelete

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

 

Recent Post

Random Post