Sunday, October 9, 2011

Core i3,Core i5,Core i7 ကွာခြားချက်များ

ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D
Core i3 , core i5 , core i7 အကြောင်းမပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture , code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….
Core i series Architecture
Core i series မှာ Nehalem Architecture နဲ့  Sandy bridge Architecture ဆိုပြီးရှိပါတယ်.. ပထမဆုံး စထုတ်တာ Nehalem Architecture ကို base လုပ်ပြီး ထုတ်လုပ်ပါတယ်…Sandy bridge Architecture ကိုတော့ 2011 အစောပိုင်းကာလမှာ စပြီးထုတ်ခဲ့ပါတယ်..

Core i series code name
Core i series code name များမှာ
1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။
Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..

Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်
1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology

1.Core အရေအတွက်
Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread အရေအတွက်
Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache ပါဝင်မှု ပမာဏ
Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4. Turbo Boost Technology
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
5. Smart Cache
Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6. QPI (Quick Parth Interconnect)
QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..
7.Hyper-threading technology
Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...
Nehalem microarchitecture based
Core i3
ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..

Core i5
Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..
Core i 7
Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..
Sandy Bridge microarchitecture based
Core i3
Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..
Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..
Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..
အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီြး ဖစ်ပါတယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်..ညီအစ်ကို မောင်နှများအားလုံး knowledge ရကြပါစေခင်ဗျာ..

ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)

Friday, October 7, 2011

ပန်းသီးကြွေခြင်း

လျှစ်စစ်ကျောက်သင်ပုန်း (iPAD) ကိုစတင်မိတ်ဆက်ပေးခဲ့သူ Steve Jobs ကွယ်လွန်ပြီးနောက် ကမ္ဘာနဲ့အ၀ှမ်းမှာ ၀မ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ကြတဲ့ ပုံလေးတွေကို မျှဝေခံစားလို့ရအောင် တင်ပြပေးလိုက်ပါတယ်။ သူ့ကို အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြို့မှာ ၁၉၅၅ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ် နွေရာသီမှာ သူဟာ အိန္ဒယနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ဗုဒ္ဓဟောကြားခဲ့သော တရားများကိုလေ့လာကာ ဗုဒ္ဓဘာသာအဖြစ်လည်း ခံယူခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကျောင်းနေဘက်သူငယ်ချင်း ဖြစ်သူ Wozniak နှင့်အတူ Apple ကုမ္မဏီ ကိုစတည်တည်ထောင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ Apple ကုမ္မဏီရဲ့ CEO ဖြစ်လာခဲ့ပါတယ်။ ကွန်လွန်ချိန်မှာတော့ သူရဲ့ပိုင်ဆိုင်မှာခန့်မှန်း (၈.၃)ဘီလီယံ နဲ့အတူ ဇနီးနှင့် သားသမီးစုစုပေါင်း ၄ ယောက်တို့ကို ချန်ရစ်ထားခဲ့ပါတယ်။ သူကွယ်လွန်ခဲ့ပေမယ့်လည်း သူချန်ခဲ့တဲ့ ပန်းသီးလေးကို ကမ္ဘာနှင့်အ၀ှမ်း အခုလိုအောက်မေ့ တမ်းတနေပုံလေးကို ဆက်လက်ခံစားကြည့်ကြနိုင်ရန်………
 Hong Kong သတင်းဂျာနယ်ရဲ့ မျက်နှာဖုံးမှာလည်းဒီလို.
Tokyo မှာလည်း မငြိမ်းသောမီးလေးနဲ့ အတူ.....
China မှာရှိတဲ့ ပန်းသီးဆိုင်ရှေ့မှာလည်း ပန်းတွေနဲ့ဝေ......
 NEW YORK မှာရှိတဲ့ ပန်းသီးချစ်သူတွေ......
MALAYSIA မှာရှိတဲ့ ပန်းသီးကုမ္မဏီမှာလည်း အမှတ်တရ....
Barcelona မှာရှိတဲ့ အရောင်းဆိုင်ရှေ့မှာလည်း အမှတ်တရပုံယူနေ...

Spain မှာလည်း ပန်းသီးပီဇာ တွေနဲ့....
ရုံးချူပ်ရှိတဲ့နေရာမှာလည်း အလံတစ်ဝက်ချလို့...
လမ်းခွဲရတော့မယ် တို့နှစ်ယောက် ကိုယ်စီသိထားတယ်....

Wednesday, October 5, 2011

ပြည်တွင်းမှ Gmail account လုပ်နည်း

ပြည်တွင်းက သူငယ်ချင်းများအတွက် အသုံးဝင်မယ့် နည်းလမ်းလေးမို့ ဝေမျှပေးလိုက်ပါတယ်။ စမ်းကြည့်စေချင်ပါတယ်။ အဆင်ပြေရင်လည်း အချင်းချင်း လက်တို့လိုက်စေချင်ပါတယ်။
အကောင့်ဖွင့်ရတာ မခက်ပါဘူး။ ကျပ် ၉ထောင် ပေးစရာမလိုပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွင့်လို့ရတဲ့ နည်းလမ်းရှိပါတယ်။
၁။ ကိုယ့်မှာ Gmail account ရှိပြီးလျှင်သော်၎င်း၊ မရှိလျှင် သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး ကိုယ့် Email ကို ပြန်၍ Invite လုပ်ပါ။ [ Gmail ထဲက ဘယ်ဖက် Invite ဆိုတဲ့အကွက်မှာ လုပ်ပါ!
၂။ Invite လုပ်ပြီးရင်... Google မှ သင့်ထံ Account အသစ်ကို Create လုပ်ဖို့ Sign Up Link ပို့လိမ့်မယ်။
၃။ *Sign Up* ဆိုတဲ့ လင့်ကို (Right-Click, Copy Link Location)နှိပ်ပါ။
၎။ ***Internet Explorer ကိုဖွင့်၍ Address bar မှာ ခုနတုန်းက Copy လုပ်ထားတဲ့ Sign Up link ကို Paste လုပ်ပါ။
၅။ Account Create Page ပေါ်လာရင် လိုအပ်တာတွေဖြည့်စွက်ပါ။ (First Name, Last Name, Username, D.O.B, Security Question စသည် ဖြည့်လိုက်ပါ။
၆။ သတိ** Security Question မှာ ဖုန်းနံပါတ်ဆိုတဲ့ မေးခွန်းကို ရှောင်ပါ။ Secondary Email ကို ကိုယ့်သူငယ်ချင်းရဲ့ Email သို့မဟုတ်၊ ကိုယ့်ရဲ့ အရင် Gmail အဟောင်းကို ဖြည့်ပေးပါ။
၇။Location ဆိုတဲ့ နေရာ မြန်မာပြည်ကလွဲလို့ တခြား နိုင်ငံတွေကို ရွေးလိုက်ပါ။ စမ်းသပ်ချက်အရ- Thailand, Laos, Australia, Cambodia, Sri-Lanka, India စတဲ့နိုင်ငံတွေကို ရွေးပါ။ United States, UK, Japan, , Russia, Korea, China စသော နိုင်ငံတွေကိုရှောင်ပါ။
၈။ ကွက်လပ်များကို မှန်အောင်သေချာစစ်ပါ၊ နောက်တစ်ခါ ထပ်ဖြည့်ရတာမျိုးမဖြစ်ပါစေနဲ့။
၉။ ပြီးရင် Signup/ Register လုပ်လိုက်ပါ။

ဒါဆိုရင်တော့ မိမိတို့လိုချင်တဲ့ အကောင့်အသစ်တစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။

ကိုးကား(ရိုးရာလေး)

Monday, September 26, 2011

Blue Screen Error ဖြေရှင်းနည်း (၂)

ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။

2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်….:)။

မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစာစနစ် တရားဝင်ပါဝင်မည်

 မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစနစ် တရားဝင် ပါလာမည်ဖြစ်ကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ရေး အဖွဲ့(Myanmar NLP Lab) မှစက်တင်ဘာလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

Windows 8 ၌ပါဝင်လာမည့် မြန်မာစာစနစ်မှာ ယူနီကုဒ်စံကို အတိအကျ လိုက်နာထားသည့် မြန်မာဖောင့်ဖြစ်ပြီး ဖောင့်အမည်မှာ Mya-nmar Text Regular ဖြစ်ကြောင်း သိရှိရပါသည်။ ထွက်ရှိမည့်ရက်ကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ၂၀၁၂ ခုနှစ်တွင် ဖြန့်ချိရန် လျာထားသည့် Windows 8 ၏ Preview versionကို စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထွက်ရှိခဲ့သော Mac OS Lion ကွန်ပျူတာစနစ်၌ မြန်မာစာစနစ် ပါဝင်လာခဲ့ပြီးနောက် ယခုအချိန်တွင်Windows 8ကွန်ပျူတာစနစ်တွင်ပါ မြန်မာစာစနစ် တရားဝင် ပါဝင်လာခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် ပြည်တွင်း မှကွန်ပျူတာ သုံးစွဲသူအများစုမှာ Windows စနစ်ကို အများဆုံး အသုံးပြုနေသဖြင့် Windows 8 ကွန်ပျူ တာစနစ်၌ မြန်မာစာစနစ်တရားဝင် ပါဝင်လာခဲ့ခြင်းကြောင့် မြန်မာ ယူနီကုဒ် သုံးစွဲသူ အရေအတွက် ပိုမို ကျယ်ပြန့်လာနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

Sunday, September 25, 2011

Computer connector များအကြောင်း

ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D

အထက်ကပုံမှာဆိုရင် သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့  Case နောက်ဖက်မှာမြင်တွေ့  ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector တွေဖြစ်ပြီး သူတို့ မှာ standard color နဲ့  standard size လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင် သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက desktop ကွန်ပျူတာရဲ့ ဘယ် motherboard မဆို ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့ မိုဆို သူတို့ ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့် company တွေက သတ်မှတ်ထားတဲ့ standard color နဲ့  size ကိုလိုက်နာပြီး ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီလို color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို color ကိုကြည့်လိုက်တာနဲ့  ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်..

PS/2 port(keyboard)
အပြာရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 keyboard connector ဖြစ်ပါတယ်..mini din keyboard connector လို့ လည်းခေါ်ပါတယ်..
PS/2 port(mouse)
အစိမ်းရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 mouse connector ဖြစ်ပါတယ်..mini din mouse connector လို့ လည်းခေါ်ပါတယ်..
USB port
USB port တွေဟာ 4 pin flat connector (ခေါင်းအပြား)ဖြစ်ပြီး အနည်းဆုံး နှစ်ခုပါလေ့ရှိပါတယ်..USB connector သုံးထားတဲ့ device မှန်သမျှ computer နဲ့ ချိတ်ဆက်ဖို့ ဒီ USB connector ကို လာတပ် ရပါတယ်..
Ethernet port(network)
Ethernet port ကို RJ-45 port လို့ လည်းခေါ်ပါတယ်..Desktop မှာ ရော laptop မှာပါ ဒီ RJ-45 port ကိုအသုံးပြုပါတယ်..မိမိကွန်ပျူတာကို network/internet ချိတ်ဆက်သည့်အခါ ဒီ port မှာလာတပ်ရပါတယ်..
Serial port(dial-up modem)
Phone line နဲ့ internet ချိတ်ဆက်သည့်အခါ အသုံးပြုတဲ့ modem port ဖြစ်ပါတယ် serial port connector တွေဟာ male connector ဖြစ်ပါတယ်..pin အရေတွက်အားဖြင့် 9 pin ပါရှိပါတယ်..
LPT1 printer port(printer)
Printer နဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့ ဒီ connector မှာ လာတပ်ပေးရပါတယ်..DB 25 connector လို့  လည်းခေါ်ပါတယ်..printer တွေကို USB port နဲ့  အသုံးပြုတာများပါတယ်..USB connector က printer မှာမပါဘူးဆိုရင်တော့ DB 25 printer port ကိုအသုံးပြုရမှာဖြစ်ပါတယ်…..
VGA port(monitor)
VGA DB connector ဟာ 3 row15 pin အပြာရောင် ဖြစ်ပါတယ်..motherboard တွေမှာ built in ပါလေ့ရှိပါတယ် တစ်ချို့ ဘုတ်တွေ မှာတော့ မပါဘူး အဲဒီလိုမပါခဲ့ရင် VGA card ကို ၀ယ်စိုက်ရပါတယ်..
Speakers port
သီးချင်းနားထောင်ဖို့  speaker သုံးပြီးဖွင့်မယ်ဆိုရင် jack plug ကို ဒီ အစိမ်းနုရောင် connector မှာ လာတပ်ရပါတယ်
Line in
Line in ဆိုတာ အပြင်က tape ,recorder တွေကို ကွန်ပျူတာထဲကို သွင်းချင်တယ်ဆိုရင် ဒီ အပြာနုရောင် line in connector မှာလာတပ်ပြီးတော့သွင်းလို့ ရပါတယ်..
Microphone
Microphone ကတော့ စကားပြောဖို့ အတွက် အသံသွင်းဖို့ အတွက် jack plug ကို ဒီ ပန်းနုရောင် connector မှာ လာတပ်ရပါတယ်..ဒီ connector တွေရဲ့ ဘေးနားလေးတွေမှာ microphone ဆိုလည်း microphone ပုံစံ speaker ဆိုလည်း speaker ပုံလေးတွေ case cover(I/O frame cover ) မှာပြထားပေးတတ်ကြပါတယ်..
Game port(joystick)
Joystick 2 row 15 pin connector ကို game ဆော့တဲ့အခါ အသုံးပြုတဲ့ connector ဖြစ်ပါတယ်..ခုနောက်ပိုင်းတော့ joystick ကို USB connector ကို အသုံးပြုတာများပါတယ်..ဒါပေမဲ့ backward compatible ဖြစ်အောင်ထည့်ပေးထားပါတယ်..တစ်ချို့ motherboard တွေမှာတော့ မပါပါဘူး..

Motherboard ပေါ်ရှိ Switch panel


Motherboard ပေါ်မှာ ရှိတဲ့  switch panel တွေဖြစ်ပါတယ်..သူကဘာလုပ်ပေးလဲဆိုတော့ စက်ကို power on ဖို့ Hard disk မီးလုံးလေးတွေလင်းစေဖို့  Restart ခလုပ်တွေ လာရောက်ချိတ်ဆက်ဖို့ အတွက် panel လေးတွေ ပါပါတယ်…ဒါအပြင် system beep အသံထုတ်ပေးဖို့ အတွက် speaker အသေးလေးပါရှိပါတယ်(ဒီ speaker က သီချင်းနားထောင်တဲ့ speaker မဟုတ်ပါ)ပုံမှာဆိုရင် switch panel ရဲ့  connector ငုတ်လေးတွေ တွေ့ ရမှာဖြစ်ပါတယ်..Hard disk LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ် power LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ်ဆိုတာ အဲဒီ panel ရဲ့ ဘေးနားမှာ ငုတ် အနေအထားရဲ့ ပုံစံအတိုင်း စာလေးနဲ့ ရေးပြထား ပါတယ်.. အဲဒီအတိုင်း တပ်ဆင်နိုင်တယ်..တကယ်လို့ မှ ဘယ် connector ကဘယ်ငုတ်မှာတပ်ရမှန်း မသေချာဘူးဆိုရင် motherboard မှာ manual book ကနေ ကြည့်ပြီးတပ်ဆင်နိုင်တယ်(manual စာအုပ်ပျောက်နေရင် motherboard model နဲ့ manual book ကို အင်တာနက်မှာ ရှာနိုင်တယ်)


RESET SW - ဆိုတာ restart ခလုတ်ပါပဲ ကျွန်တော်တို့ ကွန်ပျူတာကို restart ချချင်တယ်ဆိုရင် case က restart ခလုတ်ကို နိုပ်ရတယ်မလား..SW ဆိုတာ switch ကိုအတိုကောက်ရေးထားတာဖြစ်ပါတယ်..
H.D.D LED(IDE LED) - ဆိုတာ ကျွန်တော်တို့ hard disk ပုံမှန်အလုပ်လုပ်တဲ့အနေထားကို LED ကနေ ကြည့်ရင်သိနိုင်တယ် တစ်ခါတရံ စက်ကလေးလံနေပြီး ဘာမှလုပ်လို့ မရတော့တဲ့အခြေအနေမှာ Hard disk lED ကိုကြည့်လိုက်ပါ အနီရောင်ဖြစ်နေပြီး အကြာကြီးလင်းနေတတ်ပါတယ်..တစ်ခါတစ်ရံ HDD LED လို့ ရေးတတ်သလို IDE LED လို့ လည်းရေးတတ်ကြပါတယ်..motherboard company တစ်ခုနဲ့တစ်ခု မတူပါ..
POWER SW(PWR)- ဆိုတာ ကျွန်တော်တို့ စက်ကို စတင်ပြီး ခလုတ်ဖွင့်ဖို့ အတွက် ချိတ်ထားတဲ့ connector ပဲဖြစ်ပါတယ်…သူက motherboard မှတစ်ဆင့် power supply အလုပ်လုပ်စေဖို့ အတွက် စတင်စက်နိုးပေးတဲ့သူဖြစ်ပါတယ်..
POWER LED - ဆိုတာ power ပုံမှန်အလုပ်လုပ်မှု အနေထားတိုင်းရှိမရှိ LED ကနေသတိထား ကြည့်ရှု့  နိုင်ပါတယ်..power LED ကိုတပ်မထားလည်း ကိတ်စတော့မရှိပါ..သို့ သော် power ပိုင်းနဲ့  ပတ်သက်လာလျင်ခန့် မှန်းရလွယ်ကူအောင်တပ်ဆင်ပေးသင့်ပါတယ်..
Speaker - ဆိုတာ computer စက်စတက်တက်ချင်း တီ ဆိုတဲ့  post သံတွေ Error beep သံတွေ ပေးဖို့  အတွက် panel မှာ speaker ဆိုတဲ့နေရာမှာ တပ်ဆင်ပေးရပါတယ်….ဒီ RESET SW တို့  H.D.D LED connector တို့ ကို motherboard ပေါ်မှာ ရှိတဲ့ switch panel မှာ လာတပ်ပေးရပါတယ်..အခု switch panel တွေရဲ့ ငုတ်အနေအထားဟာ motherboard ထုတ်တဲ့ ကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခု မတူညီနိုင်ပါဘူး..ဒါကြောင့် manual ကြည့်တတ်ရမယ် motherboard ပေါ်မှာရှိတဲ့ panel ရဲ့ ဘေးမှာ ရေးထားတဲ့ စလုံးအတိုကောက်တွေ panel ရဲ့ အနေအထားပုံစံတွေကို သိဖို့ လိုပါတယ်..power LED တို့ Hard disk LED တို့ ဆိုတာ ဒီ connector တွေက case(computer casing) တိုင်းမှာ ပါရှိတဲ့ connector တွေဖြစ်ပါတယ်..

ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)

Monday, July 25, 2011

တန်ဖိုး


ဒီနေ့ ကျွန်မတို့ အတန်းမှာ ဆရာက ထူးဆန်းတဲ့ အိမ်စာတစ်ခုကို ကျောင်းသူ /သား တွေကို လုပ်ခိုင်းလိုက်ပါတယ်။ ထူးဆန်းတယ်ဆိုတာက ဘွဲ့လွန်တက်နေတဲ့ ကျောင်းသား ကျောင်းသူတွေကို ငွေ ၅၀ peso ကျပ် ပေးပြီ ဘယ်လို အကျိုးရှိအောင် သုံးနိုင်သလဲဆိုတာကို ဆရာက အိမ်စာအဖြစ် ပေးလိုက်တာပါ။( Peso ဆိုတာကတော. ဖိလစ်ပိုင်လိုပိုက်ဆံကို ခေါ်ဆိုခြင်းဖြစ်ပါတယ်၊ဖိလစ်ပိုင်တွေ ငွေအစေ.၊အပြားများယခုတိုင်အသုံးပြုကြဆဲဖြစ်ပါတယ်) ဒီနေ့က သောကြာနေ့ဆိုတော့ စနေ ၊ တနင်္ဂနွေ နှစ်ရက်တောင် အချိန်ပေးပြီ တနင်္လာနေ့မှ ကိုယ်တကယ် လက်တွေ့ သုံးခဲ့တာကို စာတမ်းအနေနဲ့ ပြန်တင်ရမှာဖြစ်ပါတယ်။ တကယ်ပဲ ငွေ ၅၀ ဆိုတာလေးနဲ့ အကျိုးကျေးဇူးလဲ ရှိ တန်းဖိုးလဲများအောင် သုံးစွဲနိုင်တဲ့ လူကို ဆရာက ဆုပေးဖို့လည်းပြောထားပါသေးတယ်။ ဒါနဲ့ ကျောင်းဆင်းတော့ ကျွန်မလမ်းလျောက်ရင်းနဲ့ ဘယ်လို လုပ်ရမလဲဆိုတာ စဉ်းစားနေမိတယ်။ ကျွန်မတို့ ပြန်စဉ်းစားကြည့်ရင် ဒီငွေ ၅၀ Peso လေးနဲ့ တကယ်တန်းဖိုးကြီးတာတွေ ၀ယ်မယ်ဆိုရင် မရပါဘူး။ မရှိဆင်းရဲသားတွေကို ဒီတိုင်းအလျူတန်းပေးပြန်ရင်လည်း ဒါက အရမ်းရိုးရှင်းနေပြန်တယ်။ ဆရာကလည်း တီထွင်ကြံဆပြီး အကောင်းမွန်ဆုံးနဲ့ သူတပါးတွေအတွက် သုံးနိုင်တာ ကို လိုချင်တာ။ ကျွန်မ ညနေစာကျက်ပြီး အိပ်ရာမ၀င်ခင်လေးမှာ သေချာ အလေးအနက်ထားစဉ်းစားလိုက်တယ်။

ဟိုး … ရိုး .. ဟားဟား…(ရယ်သံ) ကျွန်မ အရမ်းပျော်သွားတယ်။ ကျွန်မ အကြံရလိုက်ပါပြီ။ ဒီလိုနဲ့ နှစ်ခြိုက်စွာနဲ့ အိပ်ပျော်သွားပါတော့တယ်။ ညက အကြံအတိုင်း မနက်ထလာတာနဲ့ ကျောင်းပိတ်ရက်လဲဆိုတော့ မြို့ထဲကို ပစ္စည်းတွေဝယ်ဖို့ ထွက်လာခဲ့ပါတယ်။ စိတ်ထဲမှာလဲ အရမ်းလန်းဆန်းနေပါတယ်။ ကျွန်မ အကြံအတိုင်း လိုအပ်တဲ့ ပစ္စည်းတွေကို ငွေ ၅၀ Peso နဲ့ အကိုက်ဖြစ်အောင် ၀ယ်ယူပြင်ဆင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ ရောက်လာတော့ ကျွန်မရဲ့ ငွေ ၅၀ ရက်ရဲ့ တန်ဖိုးကို စတင် လုပ်ဆောင်ပါတော့တယ်။ ကျွန်မ တကယ်ဘဲ စိတ်ထဲ ကြည်နူးမိပါတယ်။ ဆုရတာ မရတာထက် ကျွန်မ ဒီငွေ ၅၀ ရဲ့ တန်ဖိုးကို သိလာရလို့ ဖြစ်ပါတယ်။ ကျွန်မ အခုအချိန် ၊ အခု အသက်အရွယ်ထိ ငွေ ၅၀ ကို တခါမှ လူတွေအများကြီးအတွက် အသုံးချရကောင်းမှန်းမသိခဲ့လို့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မအတွက် ဒီနေ့လေးဟာ တကယ်ပျော်ရွင်စရာကောင်းပြီ ဘ၀အတွက် မမေ့ နိုင်တဲ့ အမှတ်တရနေ့လေး အဖြစ်ကျန်ခဲ့တော့မှာပါ။

ကျွန်မတို့ ကျောင်းပြန်တက်တဲ့ တနင်္လာနေ့ ရောက်လာတော့ အတန်းထဲမှာ ကျောင်းသား ကျောင်းသူတွေ အားလုံးစိတ်လှုပ်ရှားနေကြပါတယ်။ ဆရာက တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်ပြီး ငွေ ၅၀ ကျပ်ကလေးကို ဘယ်လို အသုံးချခဲ့ သလဲဆိုတာကို ကျောင်းသူ သား တွေရှေ့မှာ တင်ပြခိုင်းပါတယ်။

ကျွန်မ အလှည့်ရောက်လာတော့ ကျွန်မလည်း ဘာတွေ လုပ်ခဲ့သလဲဆိုတာကို တင်ပြခဲ့ပါတယ်။ အားလုံးပြီးသွားတော့ ဆရာက ကျောင်းသူ ကျောင်းသားတွေထဲကနေ အကျိုးအရှိဆုံး တန်းဖိုးအများဆုံး ဖြစ်အောင် ငွေ ၅၀ ကျပ်ကို ခွဲခြမ်းစိတ်ဖြာ သုံးနိုင်ခဲ့တဲ့ လူကို ရွေးချယ်ခဲ့ပါတယ်။

မထင်မှတ်ဘဲ ဆရာက ကျွန်မ နာမည်ကို ခေါ်လိုက်တော့ ကျွန်မ အလွန်ဘဲ စိတ်အရမ်းလှုပ်ရှားမိသွားပါတယ်။ ကျွန်မကိုယ် ကျွန်မလဲ မထင်မှတ်ထားလိုက်ပါဘူး။ ဒါပေမဲ့ ကျွန်မ မထင်မှတ်တာ ထင်မှတ်စေခဲ့ပါပြီ ။ ကျွန်မ ဆုရတာထပ် ကျွန်မ တင်ပြခဲ့တဲ့ ငွေ ၅၀ ကျပ်ရဲ့ တန်းဖိုးကို နားလည်ခဲ့ရသလို ကျွန်မ နားလည်မှု့ရဲ့ တန်းဖိုးကိုလည် လူတွေ အသိအမှတ် ပြုပေးခဲ့တဲ့ အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်။ ( အသုံးမကျ တန်းဖိုးမဲ့တဲ့ အရာဆိုတာ မရှိ အသုံးမချတဲ့ အသုံးမပြုတဲ့ တန်းဖိုးမထားတက်လို့သာ အသုံးပြုရကောင်းမှန်းမသိလို့သာ ဖြစ်သည်။)

ဆရာက ဆုမချမှီမှာ ကျွန်မရဲ့ တင်ပြမှုလေးကို ရှင်းပြပါတယ်။ တချို့ကျောင်းသားတွေက ဒီငွေ ၅၀ ကျပ်လေးကို တန်းဖိုးနည်းတယ် ထင်ပြီး သိပ်ပြီးများများ အသုံးမချနိုင်ဘူးလို့ ဆိုကြပါတယ်။( တန်းကြေးနည်းပေးမဲ့ တန်းဖိုးရှိတဲ့ အရာတွေ လောကကြီးမှာ အများကြီးပါလာဆိုတာ ကျွန်မ တွေးမိလိုက်ပါတယ်။ )

ဆရာက ဒီငွေလေးပေးလိုက်ခြင်းဟာ ဆိုရင် ကျောင်းသူ ကျောင်းသားတွေ ငွေ ကို ဘယ်လို စီမံခန့်ခွဲ နိုင်သလဲဆိုတာရယ် ၊ တန်းဖိုးနည်းတဲ့ ထင်ရတဲ့ အကြောင်းတရားကို တန်းဖိုးရှိအောင် ဘယ်လို အသုံးချနိုင်သလဲဆိုတာရယ် ဆိုတာကို ကျောင်းသူ ကျောင်းသားတွေ သိစေချင်လို့ စမ်းသပ်တဲ့ သဘော ၊ ဘ၀ သင်ခန်းစား ပေးချင်လို့ ဖြစ်တယ်ဆိုတာ ကို ဆရာက ရှင်းပြပါတယ်။ လောက တန်းဖိုးမဲ့တဲ့ အကြောင်းတရားဆိုတာ မရှိဘူးဆိုတာရယ် တန်းဖိုးမထားတက်တဲ့ အကြောင်းတရားသာ ရှိတယ်ဆိုတာကို ကျွန်မတို့ကို ရှင်းပြပါတယ်။

ဒါပေမဲ့ ဆရာက ကျွန်မကို ဆုပေးချင်ဟာလဲ အတော်ဆုံးဆိုပြီ ရွေးချယ်ခဲ့တာ မဟုတ်ဘဲ အတန်းထဲမှာ အသင့်တော်ဆုံးလို့ တွေးထင်ခဲ့လို့ ကျွန်မကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ( ဘယ်သူမှ အတော်ဆုံးဆုံးဆိုတာ မရှိပေမဲ့ အသင့်တော်ဆုံးဆိုတာကို အချိန်အခါနဲ့ ဆုံးဖြတ်ပြီ အတော်ဆုံးလို့ ကင်းပွန်းတက်ကျတာ ဖြစ်ပါတယ်။)

ကျွန်မ ငွေ ၅၀ ကျပ်ကို ရိုးရိုးလေးဘဲ အသုံးပြုခဲ့တာပါ။ ကျွန်မအနေနဲ့ ဒီ ငွေ ၅၀ နဲ့ တန်းဖိုးကြီးကြီး ပစ္စည်းတွေကို မ၀ယ်နိုင်ဘူးဆိုတာ သိပါတယ်။ ဒါကြောင့် လူတွေရဲ့ စိတ်ကို ပျော်ရွင်စေပြီ အားဖြစ်စေတဲ့ အကြောင်းအရာကို ရွေးချယ်ခဲ့တာပါ။ တန်းဖိုးနည်းပေမဲ. တန်ဖိုးရှိစေမှာပါ။ ( တစ်ဦးတစ်ယောက်အတွက် တန်ဖိုးမရှိပေးတဲ့ အခြားတစ်ဦးတစ်ယောက်အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာ ဖြစ်နေတက်သလိုပေါ့ )

ငွေ ၁၀ နဲ့ ပန်းဝယ်ပြီး ကျွန်မဆံပင် အမြဲ ညှပ်နေကျ ဆံပင်ညှပ်ဆိုင်က ပိုင်ရှင်ကို ပန်းကို ပေးခဲ့ပါတယ်။ နောက်ထပ် ငွေ ၁၀ နဲ့ ဟင်းရွက်လေးတွေ ၀ယ်ပြီး ကျွန်မတို့ ကျောင်းက ဂိတ်စောင့် အဘိုးကြီး မိသားစုကို ပေးလိုက်ပါတယ်။ နောက်ထပ် ငွေ ၂၅ နဲ့ ရောင်စုံစက္ကူတွေ ၀ယ်ပြီး ပို့စကပ် ၂၅ ခုရအောင် ညှပ်ပြီး ကျွန်မကိုယ်တိုင်း လက်ရေးနဲ့ အားပေးစာလေးအထဲမှာ ရေးလိုက်ပါတယ်။ ပြီးတာနဲ့ အထက်တန်းကျောင်းရှိရာ သွားပြီ ကျောင်းပေါက်ဝကနေ ကျောင်းသူ ကျောင်းသား ၂၅ ယောက်ကို ပို့စကပ်လေးတွေ ဝေငှာ့လိုက်ပါတယ်။ နောက်ဆုံး ကျန်တဲ့ ငွေ ၅ ကျပ်နဲ့ တယ်လီဖုန်းကနေတဆင့် တခြားတနေမှာကျောင်း ပညာသင်နေတဲ့ သူငယ်ချင်း ၅ ယောက်ဆီကို အားပေးစကား မက်ဆေ့လ်လေး ပို့ပေးခဲ့လိုက်ပါတယ်။

ကျွန်မ ပို့ပေးခဲ့တဲ့ အားပေးစကားလေးကတော့ “ ဘ၀မှာ ဘာတွေပဲ သင့်ရှေ့မှာ အနှောက်အယှက် အတားအဆီးတွေ ရှိနေပါစေ။ ဘာတွေ ဘယ်လိုပဲ သင့်ရဲ့ လမ်းကြောင်းမှာ ပိတ်ပင်ထားပါစေ။ ပန်းတိုင်ကို မလျော့သော လုံလ၊ ၀ိရိယ ၊ ဇွဲတို့ဖြင့် အားတင်းပြီး ရှေ့ကို လျှောက်ပါလေး…. ယုံကြည်မှုတွေ ရှိနေရင် တနေ့ အောင်မြင်တဲ့ ပန်းတိုင်ကို မိတ်ဆွေ ရောက်ရှိလာမှာပါ”။

ကျွန်မရဲ့ ဆရာက ပေးလိုက်တဲ့ ငွေ ၅၀ လေးဟာ ကျွန်မအတွက်တော့ ဘ၀မှာ အမှတ်တရ သင်ခန်းစာ အဖြစ် ကျန်ခဲ့မှာ ဖြစ်သလို ကျွန်မကူညီလိုက်တဲ့ လူတွေဆီမှာလဲ ကျွန်မကနေတဆင့် သူ့တို့တွေ ရင်ထဲမှာ တခုခုလေး ကျန်ခဲ့မယ်လို့ ယုံကြည်ရင်း ……………

(ရင်တွင်းအမှတ်တရ နိုရာမိုး)

Sunday, July 10, 2011

ကွန်ပျူတာ Bus အကြောင်း

 ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D

Bus ဆိုတာ
Bus ဆိုတာ computing device တွေမှာ ဆယ်သွယ်ပေးတဲ့ လမ်းကြောင်း (connection ပေါ့)သူ့ ကို electronic partway လို လည်းခေါ်ကြသလို group of wire လို့ လည်းခေါ်ပါတယ်..အဲဒီ wire တွေက ဘာကိုသယ်ဆောင်မှာလဲ data တွေကို သယ်ဆောင်မယ်..တကယ်လို့ ကျွန်တော် တို့ ဟာ hardware device နှစ်ခုကို လမ်းကြောင်းတစ်ခုတည်းမှာဆက်သွယ်မယ်ဆိုရင် communication port တွေရှိရပါတယ် အဲဒါ hardware port တွေဖြစ်ပါတယ်..hardware port မှာ serial port ဒါမှမဟုတ် parallel port ရှိမယ်…

သယ်ဆောင်နိုင်တဲ့ ပမာဏ
Bus တွေဟာ တစ်ကြိမ်မှာ ဘယ်လောက်သယ်နိုင်သလဲဆိုတာ လမ်းအကျယ်ပေါ်မှာ မူတည်တယ် ..အဲဒီအကျယ်ကို width လို့ ခေါ်ပါတယ်..bus width ပေါ့ bus width ဟာ 16 wire ရှိရင် တစ်ကြိမ်မှာ16bit သယ်နိုင်မယ် 32 wire ရှိရင် 32bit သယ်နိုင်မယ်..

Frequency(MHz)
Frequency ကို Hz နဲ့ တိုင်းတာပါတယ်..တစ်စက္ကန့် တိုင်းမှာ frequency ခုန်နှုန်းဟာ မြောက်များစွာဖြစ်နိုင်တယ်..ကွန်ပျူတာ မှာတော့ frequency မြန်နှုန်းကို MHz သို့ GHz နဲ့  တိုင်းတာလေ့ရှိပါတယ်..

Transfer speed
Computer တစ်လုံးမှာ Transfer speed ကအရေးပါပါတယ် တစ်စက္ကန့် မှာ ဘယ်လောက် မြန်နှုန်းနဲ့ ဒေတာ တွေကို သယ်ဆောင်နေသလဲဆိုတာ တွက်ထုတ်ရပါတယ် တစ်က္ကန့် မှာ frequency အရေအတွက် 133MHz ရှိမယ်ပေါ့ဗျာ..တစ်စက္ကန့် မှာ သယ်ဆောင်နိုင်တဲ့ data bit က16bit ဆိုပါတော့ …ဒီတော့ 133MHz နဲ့ 16 ကိုမြောက်လိုက်ရင် 2128 *10^6 bit/s ရမယ်..kilobyte,megabyte အောက်ပါအတိုင်းဖွဲ့ လိုက်မယ်…(1byte =8bit)
16 * 133.106 = 2128*106 bit/s,
or 2128*106/8 = 266*106 bytes/s
or 266*106 /1000 = 266*103 KB/s
or 259.7*103 /1000 = 266 MB/s
megabyte ဖွဲ့ လိုက်တဲ့အခါ 266MB/s ရပါတယ်..

Primary bus
ယေဘုယျအားဖြင့် computer မှာ internal bus ရှိမယ် expansion bus ရှိမယ်..internal bus ကို front side bus လို့ ခေါ်ပြီး FSB bus လို့ လည်းခေါ်ပါတယ်..processor နဲ့ memory ကြားမှာ လုပ်ဆောင်ပါတယ်..expansion bus ကိုကျတော့ input/output bus (I/O bus)လို့  လည်းခေါ်ပါတယ်..motherboard ပေါ်က component တွေ ဖြစ်ကြတဲ့ usb,serial port , parallel port,PCI connector,hard drives, CD-ROM,CD-RW Drives တွေပါဝင်ပါတယ်..
North Bridge and South Bridge bus
North Bridge ကို memory controller လို့ ခေါ်ပြီး processor နဲ့ memory ကြားမှာ အလုပ်လုပ်ပါတယ်..ဒီလို processor ,north bridge,RAM ကြားမှာ ဆက်သွယ်ထားတဲ့ bus ကိုတော့ FSB bus လို့ ခေါ်ပါတယ်..ပြီးတော့ north bridge ရဲ့  bus က south bridge bus နဲ့  ဆက်သွယ်ထားပါတယ်..south bridge ကတော့ input/output controller ဒါမှမဟုတ် expansion controller လို့ လည်းခေါ်ပါတယ်..south bridge ကတော့ bus ကနေ ISA ,USB,IDE,SATA တို့ ကိုထိန်းချူပ်ပါတယ်..


The PCI Express Bus
PCI ဆိုတာ Peripheral Component Interconnect Express ဖြစ်ပါတယ်..PCI-E လို့ လည်း အတိုကောက်ရေးကြပါတယ်..တစ်ခါတရံ 3GIO(3rd generation input/output) လို့ လည်းရေးပါတယ်.. သူက ကွန်ပျူတာမှာ expansion board အနေနဲ့ လာစိုက်တဲ့ Card တွေအတွက် ပေါင်းကူးပေးမဲ့  တံတားဖြစ်ပါတယ်..မိမိကွန်ပျူတာမှာ graphic card စိုက်ချင်တယ် Lan card စိုက်ချင်တယ်ဆိုရင် ဒီ device တွေနဲ့  controller chip တွေအကြားမှာ PCI-E bus ကဆောင်ရွက်ပေးပါတယ်..PCI Express ဟာ 2002 July မှာ စပြီး အသုံးပြုပါတယ်..

Characteristics of the PCI Express Bus
PCI Express bus ဟာ version အမျိုးမျိုးနဲ့ လာပါတယ်.. 1X, 2X, 4X, 8X, 12X, 16X and 32X ဆိုပြီးတော့ရှိပါတယ်..အဲဒီထဲကမှ AGP အသုံးပြုတဲ့ Version ကတော့ 8X ဖြစ်ပါတယ်..
PCI Express 1X connector ကတော့ 36 pins ရှိပြီး I/O(input/output)high-bandwidth အတွက် အသုံးပြုပါတယ်..

PCI Express 4x connector ကတော့ 64 pins ရှိပြီး Server board တွေအတွက် ဖြစ်ပါတယ်..

PCI Express 8x connector ကတော့ 98 pins ရှိပြီး Server board တွေအတွက် ဖြစ်ပါတယ်..

PCI Express 16x connector ကတော့ 164 pins ရှိပြီး graphic card စိုက်ဖို့ အတွက်ဖြစ်ပါတယ်..

PCI-X
PCI-X ဆိုတာ PCI extended ဖြစ်ပါတယ် ကွန်ပျူတာ bus (သို့ ) expansion card ဖြစ်ပါတယ်..extended ဆိုတဲ့အတိုင်း PCI ကို ထပ်ပြီးတော့ high bandwidth နဲ့ လုပ်ဆောင်စေဖို့ ပြုလုပ်ထားတာဖြစ်ပါတယ်..PCI မှာတုန်းက Bandwidth က 133MHz နဲ့  ပဲအလုပ်လုပ်ပါတယ်.. PCI-x မှာကျတော့ 266MHz ,533MHz တွေနဲ့ အလုပ်လုပ်ပါတယ်..PCI-x မှာလဲပဲ version PCI-x 1.0, PCI-x 2.0 ရှိပါတယ်..PCI-X 1.0 တွေဆိုရင်အများဆုံး 133MHz ဖြစ်ပြီး 32bit နဲ့  အလုပ် လုပ်ပါတယ်.. PCI-x 2.0 မှာဆိုရင် 266 MHz 64bit နဲ့ 533MHz 64 bit ဆိုပြီးရှိပါတယ်..

ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)
PDF

Saturday, July 9, 2011

External HD မှာ Folders တွေ Shout Cut ပြောင်းကုန်လို့ !

ကျွန်တော် ဆိုဒ်ကို ၄ ၊၅ လ ရှိပါပြီ မရေးဖြစ်တာ ။ ဒီကြားထဲ ရေးတင်ပေးနေတဲ့ ညီငယ် အေကေတီကို လဲ ကျေးဇူးတင်ပါတယ်။ သူ့ကြောင့် ပုံမှန်လည်ပတ်နေနိုင်တာပါ။ ကျောင်းကိစ္စ တွေကြောင့်ရယ် အခြားအကျောင်းတွေကြောင့်ရယ်ကြောင့် မရေးတင်ဖြစ်ခဲ့ဘူး။ မေးတာတွေလဲ မဖြေဖြစ်ခဲ့ဘူး။ ဒီအတွက် နေ့စဉ် လာလည်တဲ့ သူငယ်ချင်းများကို အထူးတောင်းပန်အပ်ပါတယ်။ အမိမြေကိုလည် ပြန်တော့မှာ ဖြစ်လို့ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်နေရင် မရေးတင်ဖြစ်ခဲ့ပါဘူး ။ ဒီနေ့တော့ Externat Hard Disk တွေမှာ အဖြစ်များတဲ့ Virus အတွက် အမေးများ၊ အဖြစ်များလို့ တင်ပေးလိုက်ပါတယ်။ အပိုတွေ မရေးတော့ဘူး။ ဖြေရှင်းနည်းဘဲ ရေးလိုက်မယ်။

Step -1

1. Autorun Exterminator ကို အောက်မှာ အရင်ဒေါင်းလုပ်ချလိုက်ပါ။
Download
2. ပြီးတာနဲ့ Autorun Exterminator ကို Double click ပေးလိုက်ပါ။ ( မိမိ External hard Disk ကို ကွန်ပျူတာမှ တပ်ထားရပါမည်။ ) Double click ဖွင့်ပြီးတာနဲ့ Open Log ကို click ပေးတာနဲ့ သူက Autorun.inf ကို တွေ့တာနဲ့ Remove လုပ်ပေးပါလိမ့်မည်။

Step-2

1. Start >> Run >> cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
2. အောက်က command ကို ရိုက်ပြီး Enter ခေါက်ပါ။ (မှတ်ချက် g သည် မိမိ ရဲ့ External Hard Disk ရဲ့ Drive letter ဖြစ်ပါသည်။ မိမိစက်ပေါ်မှာ မှုတည်ပြီ ပြောင်းလဲ ထည့်ပါ။ ) command မှားမည်ဆိုက copy ကူးပြီ paste လုပ်ပါ။ မိမိ External ရဲ့ Drive letter ကိုဘဲ ချိန်းပါ။ )

attrib -h -r -s /s /d g:\*.*

Step -3

1. အောက်က ဆိုဒ်မှာ Download ချပါ။

Download

2. ပြီးတာနဲ့ update it >> Perform “ Full Scan “ လုပ်ပါ။ အားလုံးအဆင်ပြေပါစေ။

မိုးထက်မြင့် ရေးသားသည်။

USB-Universal Serial Bus အကြောင်း

 ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D

USB-Universal Serial Bus အကြောင်း
USB ဆိုတာ ပစ္စည်းတစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့အခါ မြန်နှုန်းမြင့် ဒေတာသယ်ဆောင်မှုကို ဆက်သွယ်ပေးတဲ့ နည်းပညာဖြစ်ပါတယ်..usb ကိုအသုံးပြုတာ ဆယ်နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်..printer ,scanner ,Camera , keyboard , mouse,usb hubs စတဲ့ device တွေအားလုံးကို ချိတ်ဆက်နိုင်တဲ့အတွက် universal serial bus လို့ ခေါ်ပါတယ်.. usb device တွေဟာ host တစ်ခုမှာ အရေအတွက် 127 ခုထိ ချိတ်ဆက်လို့ ရပါတယ်.. .USB connector မှာ အသုံးပြုထားတဲ့ ခေါင်းက flat connector ဖြစ်ပြီး wire အားဖြင့် 4 wire ပါရှိပါတယ်..အဲထဲကမှ နှစ်ပင်ကတော့ +5 v နဲ့  ground ဖြစ်ပြီးတော့ ကျန်တဲ့ နှစ်ပင်ကတော့ data ကို transfer လုပ်ပါတယ်..ကနဦးပေါ် ထွက်လာကတည်းက ခုလက်ရှိအချိန်ထိ USB version လေး မျိုးရှိပါတယ်.
အဲဒါကတော့ USB 1.0,USB 1.1,USB 2.0,USB3.0 ဖြစ်ပါတယ်..
USB 1.0
USB 1.0 တွေဟာ ပထမဆုံး ထုတ်လုပ်မှုဖြစ်ပြီး အမြင့်ဆုံး transfer rate က 1.5Mbps ပဲရှိပါတယ်....အဲဒီတုန်းက keyboard,mouse ,joystick လောက်ပဲ အသုံးပြုခဲ့ကြပါတယ်..
USB 1.1
နောက်ထပ် USB 1.1 ပေါ်လာပါတယ်..transfer rate 12Mbps ရှိပြီး USB 1.0 ထက် ၈ဆ လောက်ပိုမြန်ပါ တယ်..ဒါအပြင် USB hubs အားလုံးမှာ support လုပ်ပါတယ်.. သူ့ ခေတ်သူ့  အခါနဲ့ တော့ အမြင့်ဆုံးလို့ တောင်ပြောလို့ ရပါတယ်
USB 2.0
2001 ခုနှစ်မှာ USB 2.0 ပေါ်လာပါတယ်..USB 2.0 ကတော့လက်ရှိတော်တော်များများ အသုံးပြုနေကြတဲ့ memory stick အပါအ၀င် cable standard တွေရော ဟာ USB 2.0 တွေဖြစ်ပါတယ်..အမြင့်ဆုံး transfer rate က 480Mbps ရှိပါတယ်..
USB 3.0
2008 ခု August လမှာ USB 3.0 ကို စတင်ပြီး Release လုပ်နိုင်ခဲ့ပါတယ် အခုဈေးကွက် အတွင်းကို USB 3.0 ရောက်ရှိနေပါပြီ.. သုံးလဲသုံးနေကြပါပြီ..transfer rate ကတော့ 4.8Gbps ရှိပါတယ်..အောက်က ဇယားမှာ USB 1.0, USB 2.0 ,USB 3.0 တို့ ကို ဖိုင် transfer လုပ်ရာမှာ အချိန်ကွာခြားပုံကိုဖော်ပြထားပါတယ်..


USB connector တွေဟာ မတူညီပဲကွဲပြားမှုတွေရှိပါသေးတယ်..ဒါတွေကလည်း မတူညီတဲ့ device တွေကြောင့် မတူညီတဲ့ connector ခေါင်းတွေ ပြုလုပ်ကြရတာဖြစ်ပါတယ်..

Connector အမျိုးအစား
Type A
Type A connector ဟာ common connector ဖြစ်ပြီး computer တွေမှာပါတဲ့ USB port ဟာ Type A connector တွေဖြစ်ပါတယ်..
Type B
Type B connector ကိုအများအားဖြင့် printer မှာသုံးလေ့ရှိပါတယ်..
Mini USB
Mini USB ကို တော်တော်များများတွေ့ ဖူးမှာပါ သူက digital camera နဲ့  mobile device တွေမှာ အသုံးပြု တယ်လေ..
Micro USB
Mini USB နဲ့ တူတူပါပဲ ဒါပေမဲ့ micro USB ကခေါင်းပိုသေးသွားတယ် compact ဖြစ်တဲ့ camera နဲ့  compact ဖြစ်တဲ့ mobile device တွေမှာအသုံးပြုပါတယ်..


ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)

Friday, July 8, 2011

SATA ဆိုတာဘာလဲ?

ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D 

SATA ဆိုတာဘာလဲ
Serial Advanced Technology Attachment ဖြစ်ပါတယ်..နောက်ဆုံးပေါ် လက်ရှိအသုံးပြုနေကြတဲ့ နည်းပညာဖြစ်ပါတယ် သူကလည်း ATA အုပ်စုဝင်တွေ ဖြစ်ပါတယ်..transfer rate မြန်ဆန်ခြင်း..wire ကို 7 Pin သာသုံးထားခြင်းကြောင့် air flow ကောင်းမွန်ခြင်း system unit အတွင်း ရှုပ်ထွေးမှုကို ကင်းဝေးစေခြင်းတို့ အားသာပါတယ်…hard disk တစ်လုံးပဲချိတ်ဆက်လို့ ရတဲ့အတွက် point to point system ဖြစ်ပါတယ်…2002 နှစ်ကုန်ပိုင်းမှာ စပြီးအသုံးပြုခဲ့ကြပါတယ်..စက်ကို shut down လုပ်စရာမလိုပဲ ဖြုတ်တပ်လုပ်နိုင်ပါတယ်..hot swap ရတယ်ပေါ့ ဗျာ..SATA ကြိုးကို လေ့လာကြည့်မယ်ဆိုရင် connector ခေါင်း က L shape ပုံသဏ္ဍန် ရှိပါတယ်..SATA port ကို မှားထိုးစရာအကြောင်းမရှိပါဘူး..SATA ရဲ့ စနစ်မှာ jumper မလိုပါဘူး..SATA data transfer rate က သုံးမျိုးရှိပါတယ် …
SATA 1.5 Gbps
SATA ll 3 Gbps
SATA lll 6 Gbps တို့ဖြစ်ပါတယ် ။
မိမိစက်က Hard disk က SATA လား..SATA I လား SATA II လား SATA III လားဆိုတာ speccy software နဲ့ ကြည့်နိုင်ပါတယ်…
SATA နဲ့ PATA ဘာကွာလဲ

SATA
1.Point to point system ဖြစ်ပါတယ်..(ဒါကြောင့် Hard disk or CD ROM တစ်လုံးပဲတပ်လို့ ရပါတယ်)
2.Hot swap ရပါတယ်..ကွန်ပျူတာကို shut down လုပ်စရာမလိုဘူး..
3.Pin က 7 wire ပဲသုံးထားတယ်..
4.Air flow ကောင်းမွန်ပါတယ်..
5. Transfer rate သုံးမျိုး ရှိပါတယ်..(အထက်တွင်ဖော်ပြပြီး)
6.System unit အတွင်းကြိုးတွေရှုပ်ထွေးမှုမရှိပဲရှင်းရှင်းလင်းလင်း ဖြစ်စေတယ်..
7.jumper ချိုးစရာမလိုခြင်း..

PATA(EIDE Drive)
1.EIDE connector မှာ connector သုံးခုပါရှိတယ်..motherboard ကို connector တစ်ခုသွားပြီး ကျန်နဲ့  master နဲ့  slave မှာ drive နှစ်လုံးတပ်ဆင်နိုင်တယ်..
2.Hot swap မရဘူး..ကွန်ပျူတာကို စက်ပိတ်ပြီးမှ လုပ်ဆောင်နိုင်တယ်..
3.Pin က 40pin 80 wire သုံးထားတယ်…
4.40 pin 80 wire သုံးထားတဲ့အတွက်ကြောင့် Airflow အားနည်းပါတယ်..
5.Transfer rate က အမြင့်ဆုံး 133Mbps ရှိပါတယ်
6.IDE cable ကြိုးပြားကြီးပါတယ်..
7.Master /slave ခွဲပေးရပါတယ်..


ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)

Wednesday, July 6, 2011

ATA,IDE နဲ့  EIDE အကြောင်း

ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D

ATA ဆိုတာ Advanced Technology Attachment ရဲ့ အတိုကောက်ဖြစ်ပါတယ်..သူက နည်းပညာ ရဲ့  standard တစ်ခု ဖြစ်ပါတယ် ဘယ်လိုမျိုး standard လဲဆိုတော့ hard disk နဲ့  motherboard အကြား Data တွေကို သယ်ဆောင်ပေးဖို့ အတွက်ပြုလုပ် ထားတဲ့ ribbon cable ရဲ့  standard ပေါ့..၂၀ ရာစု မှာပေါ်ခဲ့ကြတဲ့ hard disk တွေဟာ motherboard နဲ့ ဆက်သွယ်ဖို့  အတွက် data bus လမ်းကြောင်းကို IDE cable ကိုအသုံးပြုခဲ့ကြပါတယ်.. စစချင်း ထုတ်တုန်းကတော့ hard disk နဲ့ ချိတ်ဆက်ဖို့ အတွက်ရည်ရွယ်ခဲ့ပြီး နောက်ပိုင်းမှာ CDROM,DVD ROM , SCSI device တွေကိုပါ တွဲသုံးဖို့ ဖြစ်လာပါတယ်..ATA packet interface အဖြစ်အသုံးပြုသောကြာင့် ATAPI လို့ လည်းခေါ်ပါတယ်..

IDE - Integrated Drive Electronics(ATA-1)
IDE ဆိုတာ Integrated Drive Electronic ရဲ့ အတိုကောက်ဖြစ်ပါတယ်..1994 ခုနှစ်က ထုတ်လုပ်ပါတယ် ATA ထဲမှာတော့အစောဆုံး နည်းပညာဖြစ်ပါတယ်..ATA-1 လို့  လည်း ခေါ်ပါတယ်..ATA-1 မှာအသုံးပြုတဲ့ transfer modeက PIO mode ဖြစ်ပြီး mode 0 နဲ့  mode 1 ကို support လုပ်ပါတယ်.. တစ်စက္ကန့်  မှာသယ်ဆောင် နိုင်တဲ့ transfer rate က 8Mbps(million bit per second) ဖြစ်ပါတယ်..
EIDE - Enhanced IDE(ATA-2)
1996 ခုနှစ်ကျတော့ Enhanced IDE ဆိုပြီးပေါ်လာပါတယ် EIDE Enhanced IDE ကို ATA-2 လို့ ခေါ်သလို fast ATA လို့ လည်းခေါ်ပါသေးတယ်..16Mbps ထိ transfer rate လုပ်နိုင် ပါတယ်..IDE မှာတုန်းက PIO mode နဲ့ run နေတာ mode 0 mode 1 သာ support လုပ်ပြီး EIDE မှာတော့ PIO mode 3 mode 4 ကို support လုပ်ပါတယ် PIO mode (Programable Input Output)က data တွေကို သယ်ဆောင်တဲ့ အခါ transfer rate လုပ်တဲ့ နည်းပညာ ဖြစ်ပါ တယ်..
ATA-3
1997 မှာ ATA-3 ကိုထုတ်ပါတယ် သူ့ မှာ ဘာပြောင်းလဲလာသလဲဆိုတော့ Improved Reliability , SMART နဲ့  security feature တွေပါဝင်လာပါတယ်…
ATA-4
1988 မှာ ATA-4 ကို ထုတ်လုပ်ပါတယ်…PIO mode အစား Ultra ATA/33 ကိုသုံးစွဲလာပါတယ်… Ultra DMA လို့ လည်းခေါ်ပါတယ်..33Mbps ထိ transfer လုပ်နိုင်ပါတယ်..နောက်သူ့ ကို ATAPI 4 လို့ လည်းခေါ်ပါတယ်..
ATA-5
ATA-5 ကို 2000 ခုနှစ်မှာ ထုတ်လိုက်ပြီး၎င်းကို Ultra ATA/66 လို့ လဲခေါ်တယ် 66Mbps အထိ transfer လုပ်နိုင်ပါတယ်..ယခင်က ribbon cable ကြိုးကို 40wire သုံးစွဲရာကနေ 80 wire သုံးစွဲလာပါတယ် ဒီလို 80 wire သုံးစွဲခြင်းအားဖြင့် crosstalk ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်..
ATA-6
2001 ခုနှစ်မှာ Ultra ATA-100 ထုတ်လုပ်ပြီး transfer speeds ကတော့ 100Mbps ထိုရလာပါတယ်..
ATA-7
2002 မှာ ATA-7 ကိုထုတ်ပါတယ် သူ့ ကို Ultra ATA-133 လို့ ခေါ်ပါတယ် data transfer speed က 133Mbps ထိရပါတယ်...ATA-7 ဟာ ATA-6 ကို backward compatable ဖြစ်ပါတယ်.. မကြာမှီမှာပဲ SATA ကို 2002 ခုနှစ်ကုန်ပိုင်းမှာထုတ်လာတဲ့အတွက် ရှေ့ ကထုတ်ခဲ့တဲ့ Ultra ATA-100 တို့  Ultra ATA-133 တို့ ကို PATA လို့ ခေါ်ခဲ့ကြပါတယ်…ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ EIDE drive ကို IDE drive လို့ အလွယ် ခေါ်ကြသလို PATA Drive လို့ လည်းခေါ်ကြပါတယ်..

မူရင်းရေးသားသူ။ ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)
အထက်ပါ ပို့(စ်)ကို PDF ဖြင့် ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Saturday, June 4, 2011

Batch File သင်ခန်းစာ (၁၀)

Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကို ညွန်းချင်ပေမဲ့လည် လက်ရှိ ဆိုဒ်လိပ်စာကလည် မတွေ့တော့တာကြောင့် စာရေးသားသူအနေနဲ့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် မသိမနားလည်ရင်တော့ မေးမြန်းနိုင်ပါတယ်။ အကျွမ်းကျင်ဆုံး အဆင့် မဟုတ်ပေမဲ့ တက်နိုင်သမျှ ရှင်းပြပေးပါမည်။ မှုရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။

ဒီနေ့ ကျနော်ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ Input ကို redirect လုပ်ခြင်းပါ။
သူမှာ့လည်း ကျနော်တို့ Output မှာတုန်းက လုပ်ခဲ့သလိုမျိုးပါဘဲ Operator တစ်ခုရှိပါတယ်။ အဲဒါကတော့ ဖြစ်ပြီး အခု Input မှာတော့ < ပါ။ C တို့ C++ တို့နဲ့ နည်းနည်းဘဲကွာတယ်နော်။ ဟိုမှာက cout<> လေ… သိပ်မလွဲပါဘူး။
Input Redirection Operator ကို ဘယ်လိုသုံးကြလဲဆိုတာကတော့ ရှင်းပါတယ် ၊ ကျနော်တို့ text file မှာ ရှိတာတွေကို DOS ထဲပြောင်းထည့်တဲ့ အခါမျိုးမှာ သုံးကြတာပါ။ Output တုန်းက DOS ကနေ text file ဆီကို လွှဲပြီးတော့ အခု Input မှာတော့ text file ကနေ DOS ကို လွှဲတဲ့သဘောပါ။
သူ့ကိုတော့ ကျနော်တို့ဟာ Command တစ်ချို့နဲ့ တွဲသုံးလေ့ရှိပါတယ်။ အဲဒီ့ Command တွေကတော့ MORE နဲ့ TYPE ဘဲဖြစ်ပါတယ်။
MORE ဆိုတာက ကျနော်တို့ရဲ့ Text File ထဲက စာသားတွေဟာ တအားရှည်တဲ့ အခါမျိုးမှာ Screen တစ်ချပ်စာကို တစ်ခါပြပေးတဲ့ command ဖြစ်ပါတယ်။ တနည်းအားဖြင့် Scroll ဆွဲရန်လိုတဲ့ စာသားတွေကို Screen Size ဆန့်သလောက် တစ်ခါဆီပြပေးတဲ့ command ပါ။ သူက Enter တစ်ခါခေါက်ရင် တစ်လိုင်းဆင်းပေးပါတယ်။ (ရေးထားတာ ရှုပ်လို့ နားလည်ပါ့မလားမသိဘူး)
TYPE ဆိုတာကတော့ ကျနော်တို့ရဲ့ Text File ထဲက စာသားရှိသလောက်ကို တစ်ခါတည်းနဲ့ Scroll ဆွဲပြီးပြတဲ့ Command ပါ။ သူ့ရဲ့ Scroll လုပ်သွားတဲ့ speed က တအားမြန်တော့ အောက်ဆုံးရောက်ပြီးမှ အပေါ်ကို တစ်ခါ ပြန်တက်ရရင် ၊ စာတအားရှည်တဲ့ အခါမျိုးမှာ အခက်တွေ့နိုင်ပါတယ်။ (ဒါကော နားလည်ရဲ့လား။ နားမလည်ရင် ပြန်မေးပါနော်။)
အဲဒီ့ Command နှစ်ခုရဲ့ အဓိပ္ပါယ်ကို နားလည်ကြတယ်ဆိုရင်တော့ ၊ ဘယ် Command က ကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်မယ်။ အသုံးပြုမယ့်သူနဲ့ အသင့်တော်ဆုံး ဖြစ်မယ်ဆိုတာ စဉ်းစားပြီး သုံးကြပါ။ (ကျနော်ကတော့ TYPE မှ TYPE ဘဲ… More က enter ခေါက်ရတာ လက်ညောင်းလို့။ )
ဘာကွာသလဲဆိုတာ သေချာသိချင်ရင် အောက်က Code ကို Command Prompt ထဲမှာ သွားရိုက်ကြည့်လိုက်ပါ။
C:\မိမိ import (or) redirect လုပ်မယ့် file ရှိသည့်လမ်းကြောင်း > MORE echo y | del *.*
အဲဒီ့ Code ကို ကြည့်ရင်တော့ နားလည်ပြီထင်ပါတယ်။ echo နဲ့ y ကို ရိုက်ထုတ်ပါတယ်။ အဲဒီ့အတွက် y ဟာ အဲဒီ့ အချိန်မှာ output တစ်ခုဖြစ်ပါတယ်။ သူ့နောက်မှာတော့ | ဆိုပြီးတော့ Pipe Operator တစ်ခုသုံးထားပါတယ်။ အဲလိုသုံးထားတဲ့ အတွက် ကျနော်တို့ဟာ del တဲ့ Command ကလိုအပ်တဲ့ import တစ်ခုဖြစ်တဲ့ y နေရာမှာ ခုနက ထွက်လာတဲ့ output ဖြစ်တဲ့ y ကို သုံးလိုက်ပါတယ်။OK? (ဟူး… ဒီလောက် ဆိုရင်တော့ သဘောပေါက်ပြီထင်ပါတယ်။)
အခုရေးခဲ့တဲ့ နည်းတွေကတော့ Input Redirect လုပ်နည်းများဖြစ်ပါတယ်။ ပုံမှန်လုပ်နေကြဖြစ်တဲ့ Keyboard ကနေ Input သွင်းတာထက် ၊ မိမိရဲ့ System ထဲမှာဘဲ Input ကို လှည့်သုံးသွားတဲ့နည်းပါ။ လုပ်ရတာ ပျော်ဖို့ကောင်းတယ်နော်။ (အခု စာဖတ်သူတော့ ပျော်မပျော်မသိဘူး။ ကျနော့်အတွက်တော့ ဒါတွေ လေ့လာခဲ့ရတဲ့ အချိန်ဟာ ပျော်ဖို့ အကောင်းဆုံးပါဘဲ။ ဘာမှန်းမသိဘဲနဲ့ Screen မဲမဲကြီးမှာ စာတွေ ကျလာတာကို ပျော်ခဲ့တာလေ။ အခုတော့ ပျက်ဆီးနေပြီ… ဘာမှလုပ်ချင်စိတ် ၊ လေ့လာချင်စိတ်မရှိဘူးဖြစ်နေတယ်။)
Batch File Programming က တကယ်လေ့လာရင် အရမ်းကို လွယ်တဲ့ဟာတစ်ခုပါ။ ပြီးတော့ သုံးတတ်ရင် သုံးတတ်သလို အကျိုးလည်းရှိပြီးတော့ ၊ သုံးရတာလည်း တကယ် ပျော်ဖို့ ကောင်းပါတယ်။ သူ့ကိုလေ့လာချင်တယ် ဆိုရင်လည်း တခြားဟာတွေလို များများစားစား knowledge ရှိစရာမလိုပါဘူး။ DOS Command တွေကို နည်းနည်းပါးပါး အကျွမ်းတ၀င်ရှိတယ်ဆိုရင်ဘဲ လုပ်စားလို့ရနေပြီ။
DOS Command တွေနဲ့ ပါတ်သက်လို့ လေ့လာလို့ရတဲ့ site တွေ အများကြီးရှိပါတယ်။ အဲဒီ့မှာလေ့လာပါ ၊ ဖတ်ပါ ၊ မှတ်ပါ ၊ သင်ယူပါ ၊ ကိုယ်တိုင်လုပ်ကြည့်ပါ။ အဲလို site တွေမှာ တစ်ခါတစ်လေဆိုရင် DOS ရဲ့ Hidden Command တွေလည်း မရေမတွက်နိုင်အောင်ရှိနေတတ်ပါတယ်။ အဲလိုလုပ်ပြီးတော့ လေ့လာလိုက်မယ်ဆိုရင် Batch File Programming မှာ ဆရာတစ်ဆူဖြစ်လာနိုင်တယ်။ အပေါ်မှာရေးခဲ့ဖူးတုန်းကလိုဘဲ ဆရာတစ်ဆူဖြစ်ရင် ဘာလုပ်လို့ရလဲတော့ မမေးကြနဲ့နော်။ ကျနော်လည်း Bat ကို အိတ်စပါတ် မဟုတ်သလို စပယ်ရှယ်လစ် လဲဟုတ်ဘူး။ ဘာလုပ်လို့ရလဲဆိုတာလည်း ကိုယ့်ပေါ်ဘဲမူတည်တယ်နော်။ ကျနော် ပြောတာ ၂ ခါရှိပြီ… ထပ်မေးကြနဲ့ )
ဒီနေ့တော့ ဒီလောက်ဘဲနော်။ နောက်တစ်ခါ ဘာရေးရမယ်မှန်းက ခုထိမသိသေးလို့ ၊ ဒီနေ့တော့ နောက်တစ်ခေါက် ဘာဆွေးနွေးမယ်ဆိုတာ ကြိုမပြောခဲ့တော့ဘူးနော်။ တားတားဖိုရမ်လည်း ပြင်ဆင်နေရသေးလို့ ၊ ကျန်တာ ခေါင်းထဲ သိပ်မ၀င်ဘူး ဖြစ်နေတယ်။ နောက်တစ်ခါ ပိုစ့်တင်မှ ဘာအကြောင်းလဲဆိုတာ ကြည့်ပေတော့။ တာ့တာ…..
စာဖတ်သူအပေါင်း ကျန်းမာပျော်ရွှင်ပြီး ကွန်နက်ရှင်ကောင်းကောင်း ရကြပါစေ။

written by SYKO
 

Recent Post

Random Post