ဒီနည်းလေးကတော့ တော်တော်များများ သိပြီးသားဖြစ်ကြမှာပါ။ တော်တော်လေးလည်း ကြာနေခဲ့ပါပြီ။ ဒါပေမယ့် Software မသုံးပဲ လုပ်လို့ရတာက တစ်ကြောင်း၊ မေးတဲ့သူငယ်ချင်းတွေလည်း ရှိနေတာကတစ်ကြောင်းမို့ တင်ပေးလိုက်ပါတယ်။ CMD ကနေ ဖျောက်တဲ့နည်းလေးပါ။ ဆော့ဝဲမသုံးပဲ လုပ်ရတာကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် ဝေမျှပေးလိုက်ပါတယ်။
လုပ်နည်း
1. Start > Run > Cmd လို့ရိုက်လိုက်ပါ။2. ကျလာတဲ့ Cmd Box လေးထဲမှာ diskpart လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။
3. နောက်တစ်ဆင့် အနေနဲ့ list volume လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ မိမိစက်ထဲမှာရှိတဲ့ Drive တွေရဲ့ List ကိုပြသပေးပါတယ်။ မရှင်းခဲ့ရင် အောက်မှာ ပုံလေးကို ကြည့်ပေးပါ။
4. အဲ့ဒီကမှာ မိမိဖျောက်ချင်တဲ့ Drive ရဲ့ Volume နံပါတ်ကို ရွေးပေးရပါမယ်။ ဒါကြောင့် select volume 2 လို့ရိုက်ပေးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က Drive E ကိုဖျောက်ချင်လို့ပါ။ ပုံလေးကိုကြည့်ပေးပါ။
5. နောက်ဆုံးအဆင့် အနေနဲ့ Remove Letter E လို့ရိုက်ပေးလိုက်ပါ။ ကျွန်တော်က E ကိုဖျောက်မှာမို့ E လို့ရွေးပေးတာပါ။ E နေရာမှာ မိမိဖျောက်ချင်တဲ့ Drive Letter ရွေးပေးရမှာ ဖြစ်ပါတယ်။ ပုံလေးကြည့်လိုက်ရင် ရှင်းသွားမှာပါ။
6. Reboot ပေးရမယ်လို့ ပြောထားတဲ့ အတွက် Restart ပေးလိုက်ရင် မိမိဖျောက်ထားတဲ့ Drive လေး ပျောက်သွားမှာဖြစ်ပါတယ်။
ပြန်ဖော်နည်း
တကယ်လို့ မိမိကပြန်ဖော်ချင် ပါတယ်ဆိုရင် အဆင့် (၁) မှ (၄) အထိကို အရင်ဆုံးလုပ်ဆောင် ပေးရပါမယ်။ အဆင့် (၅)နေရာရောက်လာရင် Remove Letter E နေရာမှ assign Letter E လို့ ရိုက်ပေးလိုက်တာနဲ့ မိမိဖျောက်ထားတဲ့ Drive လေး ပြန်ပေါ်လာမှာဖြစ်ပါတယ်။ အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
အကို drive ဖျောက်နည်းက အရမ်းကောင်းပါတယ် ကျွန်တော် window 7 မှာ လုပ်ကြည့်တာ အ၇မ်း အဆင်ပြေတယ်အကို .ဒါပေမဲ့ Xp မှာ ကျွန်တော် စမ်းကြည့်လိုက်တာ ဖျောက်လို.တော့ ရတယ် ဒါပေမဲ့ assign ပြန်လုပ်လို.မရဘူးအကို ကူညီပါအုံး အခု ကျွန်တော့ ရဲ. drive D က ပျောက်သွားပြီပျောက်သွားပြီး ကျွန်တော့် ရဲ. drive ကို ပြန်နာမည် z လို.ပြောင်း လိုက်တာ drive z က folder ဖြစ်သွား တယ် အကို ကျေးဇူးပြူပြီးတော့ အမြန်ဆုံး ဖြေ၇ှင်းနည်း လေး ရေးခဲ့ ပေးပါနော် ကျေးဇူးတင်နေလျက်ပါ
ReplyDelete