Monday, February 1, 2010

မိမိ မရှိတဲ့ အချိန် Computer ကို ဘယ်သူ သုံးလဲ

ကျွန်တော်ကို ကိုစောကြည်ဖြူ မေးလ်ပို့ပြီး မေးထားတာ အတော် ကြာပါပြီ။ ချက်ချင် မသိလို့ ချက်ချင် မဖြေပေးတာပါ။ ဒီနေ့တော့ ဖြေပေးလိုက်ပါတယ်။ ကျွန်တော်တို့ ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက Run ကနေ Recent လို့ ရိုက်ပြီ ဘာတွေ ဖွင့်လဲဆိုတာ ကြည့်မှာပေါ့လို့။ ဟုတ်ကဲ့ ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင် ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်ပါဘူး။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။

1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာ နေ့ရက် အချိန်နာရီတွေကို တွေ့နိုင်ပါတယ်။ (မှတ်ချက်။ ။ Windows 7 မှာ ရိုက်တဲ့ပုံဖြစ်ပါတယ်။ ) ကျန်တဲ့ Tool တွေကို ကိုယ်တိုင်းလေ့လာကြည့်ပါ.။ ကျွန်တော် Thinking လေးဘဲ ချပြတာပါ။ ဒီ command က ဒါတွေ လုပ်ဆောင်တယ်လို့ ပြောပြီသွားပါပြီး။ ဒီထပ် လေ့လာရမှာက စာဖတ်သူကိုယ်တိုင်းသာ ဖြစ်ပါတယ်။ :D


မှတ်ချက် ။။။။။ XP မှာ ပိုပြီး ရှင်းလင်း လွယ်ကူစွာ တွေ့မြင်နိုင်ပါတယ်။ အရမ်းကို ကောင်းပါတယ်။
(my computer ပေါ် Right click ထောက် Manage ကို click ပြီး Event Viewer ကို ဖွင့်ပြီးကြည့်လဲ အတူတူ ဖြစ်ပါတယ်)

8 comments:

  1. အောင်ကြည်ဖြူFebruary 13, 2010 2:18 PM

    အခုလို ပြန်ဖြေပေးတဲ့အတွက်ညီကိုကျေးဇူးအများကြီးတင်ပါတယ်ညီ... အစ်ကို့အမည်စောကြည်ဖြူမဟုတ်ပါဘူးဗျ....အောင်ကြည်ဖြူပါညီရ... ညီဒီထက်ပိုပြီး မျှဝေဖြန့်ဖြူးပေးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ...း))

    ReplyDelete
  2. ဟုတ်ကဲ့ အကို ကျွန်တော် နံမည် မှားသွားတယ် တောင်ပန်းပါတယ်။

    ReplyDelete
  3. အောင်ကြည်ဖြူMay 28, 2010 7:11 PM

    ညီလေးရေ့....သိချင်တာလေးထပ်မေးလိုက်အုံးမယ်.... ညီရေးထားတဲ့ Application, Security, နှင့် System တွေမှာ သုံးထားတာတွေ ... စက်၇ပ်သွားတာတွေ အားလုံးကိုတွေ့ရ ပါတယ်... အရမ်းကိုများနေပါတယ်။ အဲဒါတွေများနေရင်စက် လေးနိုင်သလား....? အဲဒါတွေကို ဖျက်ပြစ်လို့ရမလား....? ဖျက်ပြစ်လို့ရမယ်ဆိုရင် ဘယ်လိုဖျက်ပြစ်ရမလဲဆိုတာလေး ရှင်းပြပေးစေချင်ပါတယ်....

    ReplyDelete
  4. အဲ့ဒါက စက်ရဲ့ မှတ်တမ်းဖြစ်လို့ စက်ကို မလေးလံစေပါဘူး။ ဒီတိုင်းထားလိုက်ပါ။

    ReplyDelete
  5. အစ်ကို..ကျနော်နာမည်ဇော်ဇော်ပါ..အစ်ကိုမှာ..photo ကို..vcd..လုပ်လို့ ရတဲ့ software.ရှိလား..တင်ပေးပါလား..ကျေးဇူး

    ReplyDelete
  6. http://www.mediafire.com/?6d46kaqrmg33xzz
    ကိုဇော်ဇော်အတွက်ပါ။

    ReplyDelete
  7. သူငယ်ချင်းရယ်...
    ကျွန်တော်က ဘာမှမသိသေးတဲ့ လူပါ...
    ဒါ့ကြောင့် ဒီလူမျိုး တွေကို တင်ပေးပါ...
    နောက်ထပ်လည်း ဆောဖ်ဝဲလ် မလိုပဲ လွယ်လွယ်လေးတွေကို ပြော ပြပေးပါ လို့ အကူအညီ တောင်းတာပါ..
    အစဉ်လေး စားလျှက်...
    ကို ဆိုင်း...

    ReplyDelete
  8. ကျနော်ကတော့ အကို ရဲ့  တင်ထားသမျှစာတွကို
    အတတ်နိုင်ဆုံး အကိုရဲ့ အမည် ဝဒ်ဆိုဒ် အမည် နဲ့ တကွ
    မှတ်တမ်းတင်ထားပါတယ်
    လိုအပ်တဲ့သူငယ်ချင်း အပေါင်းအသင်းများကို ပြန်လည်
    ဝေမျှပါတယ်
    ဒီလိုဝေမျှတဲ့အခါ မူရင်းအတိုင်း ပဲ ဝေမျှပါတယ်
    ဘာတစ်ခုမှမပြောင်းလဲပါ

    ReplyDelete

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

 

Recent Post

Random Post