ကျွန်တော်ဒီအကြောင်းကိုရေးရချင်ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ကောင်းကောင်းနားမလည်တဲ့ သူငယ်ချင်းများအတွက် ကျွန်တော် ရေးလိုက်တာပါ။ ကျွန်တော်တို့ Files တွေကို စီပေးတဲ့ Disk Defragmenter ကို အသုံးပြုတက်ကျပေးမဲ့ Disk Cleanup ကို အသုံးမပြုကျလို့ တင်ပြလိုက်တာပါ။ Software တွေလဲ ရှိပါတယ်။ ဒါပေးမဲ့ Window System မှာ ပါရှိနေပါလျက်နဲ့ Software သုံးနေရင် စက်လေးပါတယ်။ ဒါကြောင့် မိမိတို့ Drives တွေထဲမှာ မလိုအပ်ဘဲ ရှိနေတဲ့ Programs တွေကို ရှင်းလင်းတဲ့အခါမှာ ဒီ command ကို အသုံးပြုပါတယ်။ ကျွန်တော်က အစီအစဉ်တကျလေး အသုံးပြုတက်စေရန်နှင့် သဘောတရားတွေ နားလည်ဖို့ ရည်ရွယ်ပြီတင်ပြလိုက်တာပါ။
1. Start >> All Programs >> Accessories >>System Tools >> Disk Cleanup စတဲ့အတိုင်း အဆင့်ဆင့် သွားလိုက်ရင် Disk Cleanup ရောက်တာနဲ့ Left click ပေးလိုက်ရင် အောက်ပါအတိုင်း Box ကျလာပါမည်။

2. မိမိတို့ Windows တင်ထားတဲ့ Drives ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိအရင်း Cleanup ကို Windows တင်ထားတဲ့ Drives ကို ဘဲ လုပ်ပါမည်။ Ok ကိုနိုပ်လိုက်ပါ။ အောက်ပါအတိုင်း Cleanup လုပ်နေပါမည်။

3. ပြီရင် အောက်ပါအတိုင်း မလိုအပ်တဲ့ Program Files ကိုပြနေပါမည်။ Ok ကိုနိုပ်လိုက်ပါ။

4. Ok ကိုနိုပ်လိုက်တဲ့အခါမှာ အောက်မှာ တွေ့ရတဲ့အတိုင်း Yes , No Box ကျလာပါမည်. Yes ကို ပေးလိုက်ပါ။

No comments:
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)