Saturday, September 5, 2009

Auto Run Virus ကာကွယ်နည်း

A uto Run virus ကာကွယ်နည်းတွေကို အတော် များများ တင်ပြထားတာကို ကျွန်တော် ဖတ်ဖူးပါတယ်။ ကျွန်တော်တို့ Blog ညီနှောင်တွေဆီမှာလဲ ဖတ်ရူ့နိုင်ပါတယ်။ ကျွန်တော်တင်ပြမဲ့နည်းကတော့ ကျွန်တော်တို့ Blog ညီနောင်တွေ တင်ပြပြီလာတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော် Registry ကို ရေးနေတဲ့ အချိန်ဖြစ်လို့ ကျွန်တော် တင်ပြလိုက်တာပါ။
1.Start >> Run ( Win Keys + R) >> gpedit.msc လို့ရိုက်ပြီ Enter ခေါက်လိုက်ပါ။
2.Group Policy Box ကျလာပါမည်။ Computer Configuration ပေါ်မှာ Double click ပေးလိုက်ပါ။ ညာဘက်မှာကျလာတဲ့ Name တွေထဲက Administrative Templates ကို Double Click ပေးလိုက်ပါ။ ပြီရင် ကျလာတဲ့ Settingရဲ့ အောက်က System ကို Double Click ပေးလိုက်ပါ။ ပြီရင် Turn Off Autoplay ကိုရှာလိုက်ပါ။ ပြီရင် Double click ပေးလိုက်ပါ။ Turn off Autoplay Properties Box ကျလာပါမည်။ Setting နှင့် Explain ဆိုပြီ Tab နှစ်ခုရှိပါတယ်။ Setting အောက်မှာ တွေ့ရတဲ့ Not Configured ,Enabled,Disabled ဆိုတာရှိပါတယ်။ ပုံမှန်အတိုင်းဆို Not Configured ကို ရွေးချယ်ထားတာ တွေ့ရမှာပါ။ ဒါကြောင့် Enabled ကို အမှန်ခြစ်ပေးလိုက်ပါ။ ပြီရင် Turn off Autoplay on: အကွက်မှာ All Drivers နှင့် CD_ROM Drivers ဆိုတာရှိပါတယ်။ All Drivers ကို ရွေးချယ်လိုက်ပါ။ ပြီရင်တော့ Apply ကိုနိုပ်ပြီ Ok ကို click လိုက်ပါ။




No comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

 

Recent Post

Random Post